အထုပ်လေးတွေ ကိုယ်စီဆွဲပြီး အချိန်အတော်ကြာနေထိုင်ခဲ့တဲ့ ထန်တလန်မြို့ကို စွန့်ခွာနေကြတဲ့ မြို့နေပြည်သူတွေရဲ့ စိတ်မကောင်းစရာမြင်ကွင်း

//s9.kh1.co/9c/9c77c7e03e9118c18fb741a2dace209aabd6b91b.jpg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အထုပ်လေးတွေ ကိုယ်စီဆွဲပြီး အချိန်အတော်ကြာနေထိုင်ခဲ့တဲ့ ထန်တလန်မြို့ကို စွန့်ခွာနေကြတဲ့ မြို့နေပြည်သူတွေရဲ့ စိတ်မကောင်းစရာမြင်ကွင်း

တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်တွေကို စွန့်ခွာနေကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ထန်တလန်မြို့က နေအိမ်အချို့ကို အာဏာရှင်လူတစ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်(၂၀)လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ နေအိမ်တွေ မီးလောင်နေတာကြောင့် မီးငြိမ်းသက်ဖို့ ကြိုးစားတဲ့ ထန်တလန်မြို့က သင်းအုပ်ဆရာတစ်ဦးကိုလည်း သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး သေဆုံးသွားချိန်မှာ လက်ချောင်းကို ဖြတ်ပြီး ရွှေလက်စွပ်ကို ချွတ်ယူသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားအပြီး ယခုမှာတော့ ထန်တလန်မြို့က မြို့နေပြည်သူတွေအားလုံးနီးပါးဟာ အိုးအိမ်တွေကို စွန့်ခွာနေကြပါတယ်။ ချင်းပြည်နယ်၊ထန်တလန်မြို့က ဒေသခံပြည်သူတွေဟာ အထုပ်လေးတွေ ကိုယ်စီဆွဲပြီး ထန်တလန်မြို့ကို စွန့်ခွာနေကြတာပဲ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကအစ စွန့်ခွာနေကြတာ ဖြစ်ပြီး ထန်တလန်မြို့မှာတော့ လူသူမရှိတော့ဘဲ တိတ်ဆိတ်ခြောက်ကပ်နေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အချို့ပြည်သူတွေဆိုရင်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ခေါ်ပြီး ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ထန်တလန်မြို့ကနေ ဘေးကင်းရာနေရာသို့ ထွက်ခွာနေကြတာပဲ ဖြစ်ပါတယ်။ အသက်အန္တရာယ်မထိခိုက်ဖို့အတွက် ထန်တလန်မြို့ကို စွန့်ခွာထွက်ပြေးနေကြတဲ့ ဒေသခံတွေရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ပြည်သူတွေက အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။ အထုပ်လေးတွေ ကိုယ်စီဆွဲပြီး အချိန်အတော်ကြာနေထိုင်ခဲ့တဲ့ ထန်တလန်မြို့ကို စွန့်ခွာနေကြတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်မကောင်းစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T