Sexy Model လုပ်ခဲ့ဖူးတဲ့အပေါ်မှာ အမြတ်ထုတ်ပြီး စီးပွားလုပ်ချင်သူတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ကြောင်းပြောလာတဲ့ ဇာဇာထက်

//s9.kh1.co/8b/8bca745f86d6264a5980bd2bf9515de26894b972.png
အနုပညာရှင်များ

 ၂၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ယခင်က Sexy Model အဖြစ်နဲ့ရပ်တည်ခဲ့ဖူးတဲ့ ဇာဇာထက်ဟာ လက်ရှိမှာတော့ USA Brand တွေ ရောင်းချပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုအဖြစ်နဲ့ရပ်တည်နေခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားတစ်ခု ပိုင်ပိုင်နိုင်နိုင် ရှိလာခဲ့ပြီး ထိုင်းနိုင်ငံက Product တစ်ခုမှာလည်း brand ambassador အဖြစ်နဲ့ စာချုပ်ချုပ်ဆိုထား တာကြောင့် အရင်လို Sexy ပုံတွေသိပ်မရိုက်တော့ဘဲ သူမ ရိုက်ချင်လာတဲ့ အချိန်လောက်မှသာရိုက်ပြီး လူမှုကွန်ယက်မှာ ပရိသတ်တွေကိုဝေမျှလေ့ရှိပါတယ်။ တဖြည်းဖြည်းချင်း သူမရဲ့ဘဝကို တိုးတက်ပြောင်းလဲလာအောင်ဖန်တီးနေပေမယ့်လည်း Sexy Model အလုပ်နဲ့ပတ်သက်ပြီး ပြန်လုပ်ဖို့လာပြောသူတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရကြောင်းကို ရင်ဖွင့်လာခဲ့ပါတယ်။

Photo Credit - Zar Zar Htet's FB Acc
Photo Credit - Zar Zar Htet's FB Acc

သူမအနေနဲ့ အရင်လို Sexy ပုံတွေသိပ်မရိုက်ဖြစ်တော့ပေမယ့် နာမည်ကြီး sexy model တွေရဲ့ အလှပုံတွေကို တင်ပေးလေ့ရှိတဲ့ application တစ်ခုက creator တစ်ယောက်ဟာ သူမကို Sexy ပုံရိုက်ဖို့ ကမ်းလှမ်းလာခဲ့ပါတယ်။ ဒီလိုကမ်းလှမ်းလာတဲ့အပေါ်မှာလည်း သူမက မလုပ်ချင်ကြောင်းနဲ့ လက်ရှိသူမရဲ့အလုပ်အကိုင်ဟာ တည်ငြိမ်ပြီးအချေတကျ ဖြစ်နေတာကြောင့် ဒီဖက်ကိုပြန်ပြီး မလုပ်သေးဘူးဆိုတဲ့အကြောင်း အလိမ္မာနဲ့ငြင်းပယ်ခဲ့ပေမယ့် ထပ်ခါတလဲလဲပြောလွန်းတာကြောင့် သူမက အတော်လေးကို စိတ်ရှုပ်ရကြောင်း ပြောပြလာခဲ့ပါတယ်။

Photo Credit - Zar Zar Htet's FB Acc
Photo Credit - Zar Zar Htet's FB Acc
Photo Credit - Zar Zar Htet's FB Acc
Photo Credit - Zar Zar Htet's FB Acc

သူမအနေနဲ့ Sexy ပုံတွေရိုက်ပြီး ဒီတိုင်းတင်နေမယ့်အစား application မှာတင်လိုက်မယ်ဆိုရင် ဒေါ်လာတွေနဲ့ရမှာဖြစ်ကြောင်းပြောပြီး သူမကိုအလုပ်လက်ခံဖို့အတင်းတိုက်တွန်းတာကြောင့် စိတ်ရှုပ်ရတယ်လို့ဆိုပါတယ်။ သူမရဲ့ဘဝကို တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့တာ အခုဆိုရင် အတော်လေးအဆင်ပြေတဲ့အခြေအနေတစ်ခုကိုရောက်နေပြီမို့ အရင်လို Sexy ပုံတွေ မရိုက်ဖြစ်တော့တာ ပရိသတ်တွေအသိပါပဲ။ ရှုပ်ထွေးလွန်းတဲ့ ပြဿနာတွေကြားမှာ သူမရဲ့ဘဝကို တည်ငြိမ်အောင် မနည်းကြိုးစားနေချိန်မှာ အခုလိုအဖြစ်တွေဟာ အတော်လေးကို စိတ်ရှုပ်စရာပါ။

Photo Credit - Zar Zar Htet's FB Acc
Photo Credit - Zar Zar Htet's FB Acc

သတင်း အရင်းအမြစ်Zar Zar Htet's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T