ဆန္ဒပြနေတဲ့လူငယ်တွေအတွက် YBS ကားနဲ့ ကန့်လန့်ခံတားဆီးပေးခဲ့တဲ့ ယာဉ်မောင်းကိုမောင်မောင်အေးရဲ့ အလောင်းကိုလာချပေးသွားတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်

//s9.kh1.co/7b/7bc4776372303d0b6f8bd1b6d620ce3e30b938e7.jpeg
နေ့စဉ်သတင်းများ

 ၂၁-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ အစပိုင်းကတည်းက ပြည်သူတွေမှာ အကြမ်းဖက်ဖိနှိပ်မှုတွေကို ခံစားခဲ့ရပြီး အမျိုးမျိုးသောဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ တသားတည်းရပ်တည်နေတဲ့ သူရဲကောင်းတွေများစွာ အသက်ပေးခဲ့ကြရသလို ဆန္ဒပြနေတဲ့လူငယ်တွေအတွက် YBS ကားနဲ့တားဆီးပေးခဲ့တဲ့ YBS ယာဉ်မောင်း ကိုမောင်မောင်အေးကိုတော့ ပြည်သူတွေအားလုံး အမှတ်ရနေဦးမှာပါနော်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

ဒီကနေ့မှာတော့ သူရဲကောင်းတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ YBS ယာဉ်မောင်းကိုမောင်မောင်အေး ကျဆုံးသွားရတဲ့ ဝမ်းနည်းစရာသတင်းကြောင့် ပြည်သူတွေအားလုံး ယူကြုံးမရ ရင်နင့်အောင် ခံစားနာကျင်နေကြရတာ ဖြစ်ပါတယ်။ YBS ယာဉ်မောင်းကိုမောင်မောင်အေးဟာ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး (၇)လကြာပြီးနောက် ဒီကနေ့ စက်တင်ဘာလ (၂၁) ရက်နေ့မှာတော့ ရုပ်အလောင်းကို မိသားစုဝင်တွေဆီ လာပို့သွားတယ်လို့ သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

YBS ကားနဲ့ ကန့်လန့်ခံတားဆီးပေးခဲ့လို့ အဖမ်းခံရပြီး နှိပ်စက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ကျဆုံးသွားခဲ့တဲ့ ယာဥ်မောင်း ကိုမောင်မောင်အေးအတွက် ပြည်သူတွေကလည်း မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲနေကြရတာ ဖြစ်ပါတယ်။ ပြည်သူ့ သူရဲကောင်းတစ်ဦဖြစ်တဲ့ ကိုမောင်မောင်အေးအတွက် ကောင်းရာသုဂတိလားစေဖို့ အားလုံးကလည်း ဆုတောင်းမေတ္တာတွေ ပို့သထားကြတာလည်း တွေ့ရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T