လတ်တလောဖြစ်ပေါ်နေသော H1N1 အခြေအနေကြောင့် တိရစ္ဆာန်ဥယျာဉ်ရန်ကုန်တွင် ငှက်ပြခန်းများ ယာယီပိတ်ထားသော်လည်း နေ့စဉ် သတ်မှတ်ဖွင့်လှစ်ချိန်အတွင်း ပြည်သူများ လေ့လာကြည့်ရှုနို်င်ရန် ဖွင့်လှစ်ပေးထားကြောင်း သိရပါသည်။ ထို့အပြင် သြဂုတ်လ (၂၈) ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) တွင် စည်ကားသိုက်မြိုက်စွာ ကျင်ပမမည်ဖြစ်ကြောင်း သိရှိရပါသည်။  

ယခုတလော ဖြစ်ပွားကြသော ရာသီတုပ်ကွေးရောဂါကာလအတွင်း တိရစ္ဆာန်ဥယျာဉ်ကို လုံးဝ ပိတ်ထားခြင်းမျိုး မဟုတ်ဘဲ ဖွင့်လှစ်ထားခဲ့ပါသည်။ သို့သော် လာရောက်ကြည့်ရှုသော ပြည်သူများ၏ ကျန်းမာရေးကို စိုးရိမ်ပူပန်သည့် အနေဖြင့် သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်အရ ကာလအခိုက်အတန့်အထိ ပြည်သူများနှင့် အလှမ်းဝေးသော ဧရိယာတစ်ခုဆီသို့ ကျေးလက်ငှားများအား ရပေမှ ၁၀ပေအထိ ကာရံ တားဆီးမှုများ ပြုလုပ်ခဲ့ပါသည်။

ကျေးငှက်တွေထားတဲ့ နေရာကို အနည်းငယ် ကန့်သတ်ပေးထားတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ရာသီအပိုင်းအခြားအရ အချိန်အတိုင်းအတာအထိ ကန့်သတ်ထားတဲ့ သဘောမျိုးသာ ဖြစ်ပါတယ်။ သို့သော် တခြား တိရစ္ဆာန်များအား ကြည့်ရှုခြင်းကိုတော့ ကန့်သတ်ထားမှု မရှိကြောင်း သိရှိရပါတယ်။ 

ယခုကဲ့သို့ ကျေးလက်ငှက်များအား ကန့်သတ်ထားသော်လည်း ကမ္ဘာ့ဆင်များ အထိမ်းအမှတ်နေ့ကို သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းမမည် ဖြစ်ပါသည်။ ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်ကို ၂၀၁၂ ခုနှစ်တွင် စတင် သတ်မှတ်ခဲ့ပြီး ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပမည် ဖြစ်ပါသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် နံနက် ၁၀ နာရီမှ စ၍ ကမ္ဘာ့ဆင်များနေ့ အထိိမ်းအမှတ်ကို ရန်ကုန် တိရစ္ဆာန်ရုံဥယျာဉ်တွင် ကျင်းပမည်ဖြစ်သောကြောင့် စိတ်ဝင်စားသူ မည်သူမဆို လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်းလည်း သိရှိရပါသည်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။