ဟောလိ၀ုဒ်မှ နာမည်ကျော် ဒါရိုက်တာ စတီဗင်စပီးဗိုက်ခ် ရိုက်ကူးမည့် Ready Player One ရုပ်ရှင်ဇာတ်ကားမှာ မြန်မာပြည်ရှိ မိန်းကလေးတွေကြား ရေပန်းစားနေသည့် ဂျပန်ပြည်ရောက် မြန်မာလူမျိုး မိုရီဆာကီဝင်း တစ်ယောက် ပါ၀င်လာမည်ဖြစ်ပါတယ်။

မိုရီဆာကီဝင်းမှာ မြန်မာပြည်ရှိ မိန်းကလေးများ အကြား အဝင်း ဟူသော နာမည်ဖြင့် အောင်မြင်ကျော်ကြားနေသူဖြစ်သည်။ ဒါရိုက်တာ စတီဗင်စပီးဗိုက်ခ် ရိုက်ကူးမည့် Ready Player One ရုပ်ရှင်ဇာတ်ကားမှာ Ernest Cline ရေးသားသည့် Ready Player One ၀တ္ထုကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ 

အနာဂတ်အချိန်တွင် အမေရိကန် အိုဟိုင်းယိုးပြည်နယ်က ၀ိတ်အိုဝင်ဝတ်စ်သည် Anoraks Game ကို ၀င်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားနြေ့ပီး အနိုင်ရသူအနေဖြင့် ဒေါ်လာဘီလျံ ၂၄၀အပြင် Gameကိုရေးဆွဲတဲ့ OASIS ကုမ္ပဏီကိုပါ အပိုင်ရရှိမှာဖြစ်ပါတယ်။ Ready Player One ရုပ်ရှင်ကားကို ၂၀၁၈တွင် တစ်ကမ္ဘာလုံးအနှံ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။