အမေတစ်ယောက်ရဲ့ပီတိအပြုံး


တစ်ချိန်ကမန္တလေးရောက်နေတဲ့သားကလေးတစ်ယောက်

အတွက်ပျဉ်းမနားကနေငွေကြေးထောက်ပံဖို့အခက်အခဲရှိခဲ့တဲ့

သားတစ်ယောက်ရဲ့အမေဟာအခုတော့ပြံုးနိုင်နေပါပြီ။

မန္တလေးဘောလုံးအကယ်ဒမီမှာပညာသင်ကြားနေတဲ့သားကလေးရဲ့အမည်ဟာအောင်သူဖြစ်ပြီးအခုတော့နိုင်ငံ့ဂုဏ်ဆောင်ဘောလုံးသမားကြီးတစ်ဦးဖြစ်နေပါပြီ။



ပျဉ်းမနားမြို့လောကမာရဇိန်ဘုရားကြီးရှေ့ကကျောက်စရစ်ခဲနီနီတွေကြားခြေဗလာနဲ့ပြေးလွှားဘောလုံးကန်နေတတ်တဲ့ငါ့သားလေးဖြစ်မှဖြစ်ပါ့မလားဆိုတဲ့မိခင်တစ်ယောက်ရဲ့သောကအပူတွေဟာလည်းအခုအချိန်မှာတော့နေလာနှင်းပျောက်ခဲ့ရပါပြီ။မြန်မာပြည်ရဲ့ပထမဆုံးအာဆီယံအကောင်းဆုံးလူငယ်ဆုရကစားသမား၊လက်ရွေးစင်အသင်းကြီး၊ယူ22ရဲ့မရှိမဖြစ်တိုက်စစ်မှူးအောင်သူဟာအခုအချိန်မှာတော့မိခင်အတွက်ဂုဏ်ယူရမယ့်သားတစ်ယောက်ဖြစ်နေပြီ။

ယူ19တုန်းကလည်းဆီးဂိမ်းမှာပါဝင်ချင်ခဲ့ပေမယ့်ပါဝင်ခွင့်မရခဲ့တဲ့အောင်သူဟာအခုအချိန်မှာတော့သူ့ရဲ့ပထမဆုံးဆီးဂိမ်း

အတွက်အသင့်ဖြစ်နေပါပြီ။အောင်သူရဲ့မေမေလိုပဲတစ်နိုင်ငံလုံးအောင်သူအတွက်ဂုဏ်ယူပရစေ။အောင်ပွဲနဲ့ပြနိလာခဲ့ပါတိုက်စစ်မှူးကြီး။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။