ဗဟုသုတအဖြာဖြာ

တိရစ္ဆာန်လောကမှာ မိခင်စိတ်အရှိဆုံးက ကြက်မများ

Stella လွန်ခဲ့သော ၂ လ က

မိခင်စိတ်ဆိုတာ လူသားတွေမှာသာမက တိရစ္ဆာန်လေးတွေမှာလည်း သူတို့ရဲ့ သားသမီးပေါ်ထားတဲ့ မိခင်စိတ်တွေကို်ယ်စီရှိကြပါတယ်။

ဘယ်လောက်ပဲ လူ့ရဲ့ အသိဉာဏ်လောက် မမှီပါစေ..မိဘဖြစ်လာတဲ့အခါ သားသမီးတွေကိုချစ်တဲ့ မေတ္တာထားပုံကတော့ အတူတူပါပဲ။

လေ့လာမှုတွေအရ တိရစ္ဆာန်တွေအနက် မိခင်စိ်တ်အပြည့်အရှိဆုံး တိရစ္ဆာန်လေးကတော့ ကြက်မ တွေဖြစ်ပါတယ်လို့ ဆိုပါတယ်။

ကြက်မတွေဆိုတာနဲ့ အထာနကောက်ပြီး တစ်လွဲမတွေးမိစေနဲ့ဦးနော် ဘော်ဒါတို့ရေ။

ကမ္ဘာကြီးမှာ လူသားတွေနီးပါး မိခင်စိတ်အပြည့်ရှိတယ်ဆိုတာ ကျောသားရင်သား မခွဲခြားပဲ အမျိုးအစားမတူတာတောင် ချစ်ခင်နွေးထွေးမှုပေးနိုင်တဲ့ ကြက်မတွေရဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင်သိနိုင်ပါတယ်။

ကြက်မအများစုဟာ သူတို့ရဲ့ သားသမီးကြက်ပေါက်ကလေးတွေသာမက မျိုးမတူတဲ့ ခွေးလေးတွေကြောင်လေးတွေအပေါ်မှာလည်း မိခင်အရင်းနဲ့မခြား ပြုစုစောင့်ရှောက်ပေးနိုင်တယ်ဆိုတာ ချစ်စရာကောင်းလှပါတယ်။  

သတင်းအရင်းမြစ် : bored panda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။