ခုရက်ပိုင်းမှာ ပန်ကရိယကင်ဆာနဲ့ ချစ်သူခင်သူတွေကိုစွန့်ခွာသွားတဲ့ ဦးခိုင်ထူး အတွက် အနုပညာအသိုင်းအဝိုင်းက တော်တော်များများ စိတ်မကောင်းဖြစ်နေရတာပါ ။

သီချင်းကောင်းများစွာကို ဖန်တီးနိုင်တဲ့သူဖြစ်ခဲ့တဲ့အတွက် ဦးခိုင်ထူးရဲ့ ပရိတ်သတ်တွေလဲ နှမြောတသဖြစ်နေကြပါတယ် ။ ဦးခိုင်ထူး မဆုံးပါးခင် အနားမှာရှိနေခဲ့တဲ့ ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ ဦးခိုင်ထူးရဲ ့နောက်ဆုံးထွက်သက် အခြေအနေလေးကို သတိထားမိတယ်လို့ အောက်ပါအတိုင်းမှတ်ချက်ပြုထားပါတယ် ။ 

”ကျွန်တော့်သဘာအရ သိလိုက်တာတစ်ခုရှိသည်။

ကိုခိုင်ထူး၏ ကျန်ရစ်သော ခန္ဓာကိုယ်သည် တည်ငြိမ်သည်။

ဝေဒနာကိုမေ့ထားနိုင်ခဲ့သည်။ရုပ်နဲ့စိတ်ကိုခွဲခြားနိုင်ခဲ့သည်။

ဒါ့ကြောင့်…မြင့်မြတ်သည့်ဘုံကိုရောက်မည်မှာမလွဲပေ။”

ဦးကျော်သူရဲ့ မှတ်ချက်အတိုင်းသာဆို ကျန်ရစ်သူတွေလည်း စိတ်သက်သာရာရမှာအမှန်ပါပဲ ... ။

ဦးခိုင်ထူးဆုံးပါးချိန်မှာ ဆိုင်းလင်းထူး (ခ) ဂွမ်ဆန်လဖိုင် လို့အမည်ရတဲ့ သားလေး ဟာ ဆွီဒင်နိုင်ငံမှာနေထိုင်ကျန်ရစ်ခဲ့တယ်လို့ သိရှိရပါတယ် ။ 

သတင်းအရင်းမြစ် Oasis Journal and Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။