ပရိသတ်တွေကြား အထူးသဖြင့် အမျိုးသမီးပရိသတ်တွေကြား အားကျရတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားသူကတော့ မင်းသမီး သဥ္ဇာနွယ်ဝင်း ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ ခရီးတွေသွားပြီး ပျော်ရွှင်စွာကောင်းတဲ့ သူတို့ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား အားကျစရာကောင်းလှပါတယ်။ 

ဒါ့ကြောင့် ခင်ပွန်းဖြစ်တဲ့ ကိုစတီဗင်လှကို ဇနီးဖြစ်သူ မင်းသမီးနဲ့ ပတ်သတ်ပြီးမေးကြည့်မှာတော့..........

"ကလေးလည်းရှိလာပြီဆိုတော့ အနုပညာအပိုင်းကို အရမ်းကြီးအချိန်မပေးစေချင်ဘူး။ သူ့ကိုတသက်လုံး ကြင်ကြင်နာနာနဲ့ ချစ်သွားမှာပါ။ သူနဲ့သိတုန်းက သူမင်းသမီးမှန်းတော့ သိတယ်။ ဒါပေမဲ့ နာမည်ကြီးလား မကြီးလား မသိဘူး။ သူ့ကို မင်းသမီးအနေနဲ့မဟုတ်ဘဲ သာမန်လူပုံစံပဲ ချစ်ခဲ့တာပါ" လို့ Myanmar Celebrities သို့ ပြောပါတယ်။

လတ်တလောမှာတော့ ကလေးကျန်းမာရေးနဲ့ မိခင်ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးနေပြီး မကြာခင်မှာ မွေးဖွားတော့မယ့် ရင်သွေးလေးအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။ သဥ္ဇာကတော့ သားလေးနဲ့အတူ မိသားစုကြော်ငြာလေးတစ်ခုရိုက်ဖို့ရှိပေမယ့် နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ဆိုရင်း ပရိသတ်ကြီးကို ကျေးဇူးတင်ကြောင်း ပြောသွားပါတယ်။

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။