မိန်းကလေးအဆိုတော်တွေထဲမှာ အသံပါ၀ါကောင်းကောင်းနဲ့ Rock သီချင်းတွေသီဆိုပိုင်နိုင်တဲ့ အဆိုတော် သျှီ တစ်ယောက် ဂီတလောကနဲ့ ကင်းကွာနေတာကြာပါပြီ။ တစ်ချိန်က ပရိ်သတ်အခိုင်အမာရရှိထားတဲ့ သျှီဟာ ကြွေလွင့်သွားပြီဖြစ်တဲ့ အဆိုတော်ကြီးဦးခိုင်ထူး နဲ့ပတ်သက်ပြီး ၀မ်းနည်းကြောင်း သူမရဲ့ဖေ့ဘုတ်မှာ အခုလိုရေးသားထားပါတယ်။

#အသဲနှလုံးမရှိရင်_လွမ်းခြင်းကင်းမဲ့မယ် ... တဲ့

ကိုယ့်မှာ အသဲနှလုံး က ရှိ​​နေ​​​​​​​တော့

လွမ်​းခြင်​း ... မကင်​းနိုင်​ပါ ...

တရားသတိ နှလုံးသွင်​း ဆင်​ခြင်​​နေ​ပေမယ်​့

ဆင်​ခြင်​သိ ရဲ့ အလွန်​မှာ

လူသားပီပီ ​ကြေကွဲ ရတာပါပဲ ...

အထူးသဖြင်​့ ...

အနုပညာသမား​တွေ ​ကြွေလွင်​့ရင်​ ပိုခံစားရပေါ့ ...

ပိုတန်​ဘိုးထား​လေ ပို​ကြေကွဲ ရ​လေပါပဲ ...

August မှာ သျှီ ချစ်​တဲ့ အနုပညာသမား​တွေအ​တော်​များများ ​ကြွေလွင်​့ရ ...

အဲ့အများကြီးထဲက ကိုငှက်​ နဲ့ ဦးမင်​းလူ ​ကြောင်​့ အ​တော်​စိတ်​ထိခိုက်​ ဝမ်​းနည်​းရသလို ...

#ဒီ_Augustမှာ​ ... #ဦးခိုင်ထူး ... ​ပေါ့ ...လူသားဆန်​စွာ ​ကြေကွဲ မိပါတယ် ...​

#Generation_မတူပေမယ့် ...

မိဘ​တွေ ... ဦး​လေး​တွေ ... အ​ဒေါ်​တွေ ... ကတဆင်​့ ပရိသတ်​ ဖြစ်​ခဲ့ရသလို ...ကိုယ်​တိုင်​ ခံစားတတ်​လာတဲ့ အရွယ်​ မှာ​တော့

ဦးခိုင်ထူး သီချင်​း​တွေကို စုရင်​းနား​ထောင်​ရင်​း ... ခုချိန်​ထိ သူ့ပရိသတ်​ ဖြစ်​​နေဆဲပါ ...

​နောင်​လည်​း ... နား​ထောင်​​နေဦးမှာပါ ...

ဒီရက်​ပိုင်​း​တော့ ​ဆေးရုံ မှာနိုင်​သ​လောက်​ သွားကူ​နေရင်​းစိတ်​​တွေ က​တော့ နုံးချိ လို့ပေါ့ ...

လုပ်​လက်​စ အ​ခွေ ကို ရပ်​ထားရ​လောက်​​အောင်​အခြားအလုပ်​​တွေ မိသားစု ကိစ္စ ​လေး​တွေလုပ်​ ​နေရတာမို့အ​ခွေ က​တော့ အဆုံးမသတ်​ နိုင်​​သေးပါဘူး ...

ဒါ​ပေမယ်​့ ဒီရက်​ပိုင်​း ထဲ#အချိန်ပြည့်ညည်းမိနေတဲ့_သီချင်းလေးတစ်ပုဒ်တော့ရှိနေပါတယ် ...

သီချင်​းနာမည်​က ... #သီချင်းလေးမသေ ... တဲ့

တေး​ရေးဆရာ AungZawLatt ကရေးပါတယ် ...

သူရေးဖြစ်တာကလည်းသူချစ်တဲ့ တေးရေး ၂ ယောက်ဆုံးတော့ခံစားရသမျှ ကို ရေးထားပြီးအ​တော်​ကြာ​အောင်​ဆက်မရေးဖြစ်တဲ့ သီချင်းလေးကို

ဆက်ရေးဖို့တိုက်တွန်းဖြစ်ခဲ့ရင်း နောက်ထပ် ၃ နှစ် အကြာမှာ အဆုံးသတ်​ခဲ့တဲ့ သီချင်​း​လေးပါ

အနုပညာ သမား​တွေ ဟာ​မွေးဖွားလာကြခဏတာ ကာလအတွင်​း အနုပညာ​တွေ ဖန်​တီးကြ

​သေဆုံးသွားကြ​နောက်​ဆုံး​တော့ ​လောက က​နေ ကွယ်​​ပျောက်​ သွားကြ

လူ ​သေ​သော်​လည်​းဖန်​တီးမှု အား​ကောင်​းသ​လောက်​သူတို့ အနုပညာ ​တွေ ကျန်​ရစ်​ကြ

အခုလည်​း ဦးခိုင်​ထူး သီချင်​း​လေး​တွေ​လောကကြီး မှာ ဆက်​လက်​ ကျန်​ရစ်​မှာပါ ...

#ဦးခိုင်ထူး_နဲ့တကွ_သီချင်းလေးတွေ_ချန်ရစ်ထားခဲ့သော_အနုပညာကြယ်ပွင်များသို့_ဂုဏ်ပြုရင်း

မနေ့ညကကားထဲမှာ တစ​်​​ယောက်​တည်​းသီချင်​း​တွေညည်​းရင်​း ...အနုပညာ ကို ချစ်​မြတ်​နိုးသူ​တွေ လည်​းအမှတ်​တရ နား​ထောင်​နိုင်​​အောင်​ တင်​​ပေးလိုက်​ပါတယ် ...

#လောလောဆယ်_ခံစားချက်နဲ့ထပ်တူကျတာ_ဒီသီချင်လေးပဲရှိပါတယ် ...

သီ ချင်း လေး မ သေ  

သတင်းအရင်းမြစ် She

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။