လက်တလောလူမှုကွန်ရက်အွန်လိုင်မှာတော့ ပိုင်းဖြိုးသု ပါ၀င်သရုပ်ဆောင်ထားတဲ့ 3Girls ဇာတ်ကားအမြည်းထွက်ရှိထားပြီး အားပေးနှစ်သက်သူတွေ များပြားလျှက်ရှိပါတယ်။ ဇာတ်ကားတိုင်းသရုပ်ဆောင်ရာမှာစူးရှတဲ့ အကြည့်နဲ့ဖြစ်စေ၊ချိုသာတဲ့ အပြုံးလေးနဲ့ဖြစ်စေ ပရိသတ်လက်ခံအောင် သရုပ်ဆောင်လေ့ရှိတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ပိုင်ဖြိုးသုက သူမရဲ့အချစ်ရေး၊ရွေးချယ်သွားမယ့် လက်တွဲဖော်နဲ့ ပတ်သက်ပြီး အခုလိုပဲပြောလိုက်ပါတယ်။ 

“အချစ်ရေးနဲ့ပတ်သတ်ပြီးဖုံးကွယ်ထားတာမရှိဘူးမထူးခြားတဲ့အတွက်ပရိတ်သတ်ကိုအသိပေးစရားလည်းမရှိသေးပါဘူး။လက်တွဲဖော်ရှာမယ်ဆိုရင်တော့ညီမတို့မိန်းကလေးတွေအနေနဲ့ကိုလေးစားလို့ရတဲ့ယောက်ကျားမျိုးကိုဘဲချစ်သူအိမ်ထောင်ဘက်ဘအထိစဉ်းစားတယ်၊ကိုစဉ်းစားလိုက်တဲ့လူရဲ့စိတ်နေသဘောထားကကိုယ်လေးစားရတဲ့ ကာရိုက်တာမျိုး ရှိတဲ့လူမျိုးဘဲညီမစဉ်စားဖြစ်မယ်” လို့ပိုင်ဖြိုးသုကဆိုထားတာပါ။

လက်ရှိမှာတော့အနုပညာအလုပ်တွေနဲ့ပတ်သက်ပြီးတော့“ဇာတ်ကားကြီးတွေပိုရိုက်ဖြစ်တယ်။ဒီနှစ်အတွင်းညီမဇာတ်ကားတွေလည်းရုံတင်ဖို့ရှိတယ် ။ရုံတင်မဲ့ဇာတ်ကားတွေလည်းအားရတယ် ။ ကာရိုက်တာလေးတွေလည်းဆန်းတယ် ။ အနူပညာကိုဘဲအာရုံထားပြီးလုပ်ဖြစ်တယ်”လို့ သူမအနုပညာခရီးလမ်းနဲ့ပတ်သက်ပြီးပရိသတ်ကြီးကိုဆိုထားပါတယ်။လောလောဆယ်မှာတော့ကျော်ထက်အောင်၊မင်းဦး၊မင်းပိုင်၊မြတ်ကေသီအောင်၊မယ်လိုဒီအစရှိတဲ့ အနုပညာရှင်တွေနဲ့လက်တွဲပြီး ဂန္တဝင်အငြိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတယ်လို့သိရပါတယ်။၀တ္ထုကတော့ နိုင်ငံကျော်စာရေးဆရာမ လွန်ထားထားဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် POSH Magazine - Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။