"ဝဲ" ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေ သိမ်းပိုက်သွားတဲ့ အဆိုတော်မလေး Mary ကတော့ လက်ရှိမှာ အမိမြန်မာပြည်သို့ ပြန်လည်ရောက်ရှိနေပါတယ်။ ဂျပန်ပြည်မှာ ပညာသင်ကြားနေတဲ့သူမကတော့ ဂီတနဲ့ပတ်သတ်ပြီး အလုပ်လုပ်မှာမို့ အမိမြေကို ပြန်လာတာပါလို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။

တခဏအတွင်း ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ အသံပိုင်ရှင် သူမကတော့ ပရိသတ်တွေကြား ရေပန်းစားပြီး အာရုံစိုက်ခြင်းကို ခံရပါတယ်။ ယခုတခါလည်း လူမှုကွန်ယက်ပေါ်မှာ သူမနဲ့ အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံတွေဟာ ပျံ့နှံ့လို့နေပါတယ်။ ထိုဓာတ်ပုံထဲကဘအမျိုးသားကတော့ Terror Bass မှ စိုင်းထက်ဝေဖြစ်ပြီး သူကတော့ မြန်မာပြည် EDM လောကရဲ့နာမည်ကြီး တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

Mary က low profile နေတတ်တာမို့ သူမရဲ့ အချစ်ရေးကို ပရိသတ်ကို ချပြထားခြင်းမရှိပေမဲ့ အချို့ပရိသတ်တွေကတော့ သူတို့နှစ်ယောက်တွဲနေတာ ကြာနေပြီလို့လည်း ပြောနေကြပါတယ်။ လက်ရှိမှာတော့ Mary တစ်ယောက် သီချင်းတွေအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်နေပါတယ်တဲ့ ပရိသတ်ကြီးရေ.....

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။