အနုပညာရှင်များ

လူတွေကြားထဲမသွားချင်လောက်အောင် စိတ်ပျက်ခဲ့ဖူးတဲ့ ထက်ထက်မိုးဦး

Kyaw လွန်ခဲ့သော ၄ လ က

အနုပညာအလုပ်တွေကိုအချိန်အတန်ကြာ ရပ်နားခဲ့တဲ့ အကယ်ဒမီဆုရှင် ထက်ထက်မိုးဦး ကလက်ရှိမှာ “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲကိုရိုက်ကူးလျှက်ရှိသလို အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်နေလျှက်ရှိပါတယ်။တစ်ချိန်တုန်းက ကြော်ငြာဘုရင်မလို့တောင် ပြောရတဲ့အထိပရိသတ်တွေကြားအချစ်ပိုအားပေးခဲ့တဲ့ထက်ထက်မိုးဦးကသမီးလေးမွေးပြီးနောက်ပိုင်းမိမိကိုယ်ကိုစိတ်ပျက်သွားခဲ့တဲ့အကြောင်း၊အဆိုပါအချိန်တွေတုန်းက အပြင်သို့တောင်မထွက်ချင်လောက်တဲ့အထိ စိတ်ပျက်သွားမိတယ်လို့ အခုလိုပဲပြောလိုက်ပါတယ်။

“သမီးလေးမွေးပြီး ၀သွားတော့ ကိုယ့်ကိုယ်ကိုယ် နည်းနည်းစိတ်ပျက်သွားတယ်။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ် ကဆို လူတွေကြားထဲတောင် မသွားချင်ဘူး။ ကလေးကလည်း နှစ်ယောက်ဆက်တိုက်မွေးလိုက်တော့လူက ၀သွားတယ်။ မလှုပ်မယှက် နဲ့ လေး၊ ငါး၊ ၁၀ လ နေလိုက်ရ မှာကို မနေတော့ လူကထိုင်းမှိုင်းသလိုဖြစ်သွားတာ။ဒါပေမဲ့ အလုပ်မလုပ်လို့ မဖြစ်ဘူး။ လှူနိုင်ဖို့ရော၊ သမီးလေးအတွက်ရော အလုပ်ပြန်လုပ်မယ်ဆိုပြီး ပြန်လုပ် ဖြစ်လာတာပါ” လို့ အနုပညာအလုပ်ပြန်လည်လုပ်ဆောင်မှုအပေါ်အခုလိုပဲ ပရိသတ်ကြီးကိုပြောပြခဲ့ပါတယ်။

“မိုးကောင်းကင်အိပ်မက်”ဇာတ်လမ်းတွဲတွင် ထက်ထက်မိုးဦးအနေဖြင့် ငယ်ငယ်တုန်းက အဆိုတော်ကနေ ကြီးလာတော့ ပရိုဂျူဆာလုပ်ကာအဆိုတော်တွေမွေးထုတ်ပေးတဲ့ သားတစ်ယောက်မိခင်နေရာကနေ ပါ၀င်သရုပ်ဆောင်ထားကြောင်းသိရပါတယ်။ အဆိုပါ“မိုးကောင်းကင်အိပ်မက်”ဇာတ်လမ်းတွဲက အပိုင်းပေါင်းများစွာနဲ့ ရိုက်ကူးမယ်လို့သိရပါတယ်။

Aung

သတင်းအရင်းမြစ် : စံတော်ချိန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။