အနုပညာရှင်များ

နန်းဆန်ရုံတင်မက တစ်လောကလုံးဗြောင်းဆန်သွားတဲ့ ပိုပိုအလှ

Kyaw လွန်ခဲ့သော ၂ လ က

ယနေ့လူမှုကွန်ရက်မှာ ရေပန်းစားလူပြောများနေတာကတော့ “နန်းဆန်ရုံတင်မက တစ်လောကလုံးဗြောင်းဆန်သွားတယ်” ဆိုတဲ့ အဆိုတော်ပိုပို အလန်းပုံတွေပဲဖြစ်ပါတယ်။ လက်ရှိမှာ သရုပ်ဆောင်အဖြစ် အနုပညာလျှောက်လမ်းမှာ စတင်လျှောက်လှမ်းနေပြီးဖြစ်တဲ့ ပိုပို က လုံးသမရိုက်ဘူးတဲ့ စတိုင်နဲ့ ပုံအလန်းတွေကို ပရိသတ်ကိုပြသလိုက်တာပဲဖြစ်ပါတယ်။

ဆံပံပုံစံအသစ်နဲ့ အဆိုတော်ပိုပိုက “ကြွေစမ်း ကွာ New Hair New Me 😍”ဆိုပြီးလုံးဝအလွှင့်ပုံတွေကိုပရိသတ်ထံပို့ခဲ့တာပါ။ချစ်စနိုးပုံစံနဲ့ပရိသတ်တွေကြားပျော်ပျော်နေတက်တဲ့ ပိုပိုက အချစ်ဟောင်းနဲ့တွေ့ရင် အခုလိုနေပါတဲ့… “ရည်းစားဟောင်းနဲ့ တွေ့တော့ ခပ်ချေချေပဲ ( မိန်းကလေးတွေဒီလိုနေပါ) 😂😅🤣(ဒိုင်ယာရီ အသစ် အချစ်က ဆိုက်ကို Video Shooting)” ဆိုပြီးပရိသတ်ကို ပြောထားလေရဲ့….

လက်တလောအနေနဲ့ ပိုပိုပါ၀င်သရုပ်ဆောင်ထားတဲ့ “ကြောက်ကြောက်ကြောက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသနေဆဲဖြစ်တယ်လို့ ကြည့်ရှုအားပေးသူပရိသတ်တွေ အလွန်များပြားလျှက်ရှိတာကို သတိပြုမိပါတယ်။တလောမှာလည်း ပိုပိုက သရုပ်ဆောင်အနုပညာရှင် ထူးခြားနဲ့တွဲဖက်ပြီး“ဒိုင်ယာရီ အသစ် အချစ်က ဆိုက်ကို”ဇာတ်ကားရိုက်ကူးထားလို့ ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်မှာပါ။

Aung

သတင်းအရင်းမြစ် : ပိုပိုဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။