အနုပညာရှင်များ

သမီးလေးကို ပညာရေးဆုံးခန်းတိုင်စေချင်လို့ ဖွင့်ဟလိုက်တဲ့ လင်းဇာနည်ဇော်

Stella လွန်ခဲ့သော ၉ နေ့ က

အနုပညာလောကထဲ တစ်ကျော့ပြန်ရောက်ရှိလာတဲ့ တစ်ချိန်က နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်လင်းဇာနည်ဇော်ဟာ လက်ရှိအချိန်ထိ ဇာတ်ကားရိုက်ကားမှုတွေပြန်လက်ခံနေပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိထားဆဲပါပဲ။

အနုပညာမျိုးဆက်အနေနဲ့ သူမမှာ တစ်ဦးတည်းသောသမီးလေး ပ ုိင်ဆိုင်ထားပေမယ့် လက်တလောမှာ သ ူမရဲ့ သမိီဖြစ်သူ မြုလင်းကိုကိုဟာ သြစတေးလျမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။

အနုပညာရှင်တွေရဲ့ သားသမီးတိုင်း သူတို့မိဘတွေရဲ့ ခြေရာနင်းလေ့ရှိပေမယ့် မြူလင်းကိုတော့ မေမေဖြစ်သူ လင်းဇာနည်ဇော်က အနုပညာအလုပ်မလုပ်စေချင်တဲ့အကြောင်းကို Myanmar Celebrities (Myanmar Cele Wiki ) ကို အခုလိုပြောပြခဲ့ပါတယ် ။ " သမီးကို အနုပညာ အလုပ်တွေမလုပ်စေချင်ဘူး အခုတော့ ဩစတျေးလျမှာ ကျောင်းတက်နေတယ်။ နွေရာသီကျောင်းပိတ်တဲ့ အချိန်တွေတော့ ရန်ကုန်ကို ပြန်လာတယ်။

သမီးကို ပညာရေးပဲ ဦးစားပေးစေချင်တယ်။ သူ့ကို ပညာတက်ပဲ ဖြစ်စေချင်တယ်။ အနုပညာအလုပ်ကတော့ သူ့ရဲ့ ဝါသနာအရပေါ့နော်။ အခုကတော့ သမီးနဲ့အမေအတူ ဓာတ်ပုံလေးတွေ ကြော်ငြာလေးတွေ တခါတရံ ရိုက်ကူးဖြစ်တယ် " လို့ပြောပါတယ်။

သမီးကိုအနုပညာအလုပ် မလုပ်စေချင်တဲ့ အကြောင်းရင်းကိုလည်း" သမီး ပင်ပန်းမှာ ဆိုးလို့ပါ မလင်းတို့ဆိုရင် အသက်ငယ်ငယ်နဲ့ ဒီအနုပညာ လောကထဲကို ရောက်လာတယ်။ ပင်ပန်းပေမယ့် ပင်ပန်းရမှန်းမသိအောင်ကို အနုပညာအလုပ်တွေထဲမှာပဲ ပျော်နေတယ်။ ဒီအနုပညာအလုပ်ကလွဲလို့ ကျန်တဲ့စီးပွားရေးတွေ ကျွမ်းကျွမ်းကျင်ကျင်မလုပ်တက်ဘူးလေ။

သတင်းအရင်းမြစ် : Myanmar Cele wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။