One Night In the Old House ဗီဒီယိုဇာတ်ကားကိုရိုက်ကူးရင်း ဒီဖြစ်ရပ်နဲ့ရင်ဆိုင်ခဲ့ကြရတာပါ ။

"ကျနော်တို့"One night in the old house" ဗီဒီယိုဇာတ်ကားရိုက်ကွင်းမှာ ရိုက်နေရင်းနဲ့ထဖြစ်ကြတာပါ ၁ယောက်တည်းလည်းမဟုတ်ဘူး ၂ယောက်၃ယောက်ပဲ တကယ်ပဲဝင်ပူးခံရတာပဲလားဘာလဲတော့မသိဘူးး ဒီလိုအဖြစ်အပျက်မျိုးတစ်ခါမှမကြုံတွေ့ဖူးပါဘူး" လို့ သရုပ်ဆောင် ထက်အောင်ရှိုင်းက ရေးသားပြီး ဖြစ်စဉ် Video File ကို သူ့ရဲ့ လူမှုကွန်ယက်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ် ။ Video File ထဲမှာတော့ ၀င်ပူးခံရတဲ့သူတွေကို ပရိတ်ရေတွေဖြန်း ပုတီးတွေစွပ်ပြီး ထိန်းသိမ်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် ။ ( Video File ကို အောက်တွင်ကြည့်နိုင်ပါတယ် )

မင်းသမီးနေအဥ္ဇရာ ကလည်း

"ပထမ ဦးဆုံးကား ပထမဆုံး အတွေ့အကြံု..အဲ့အချိန်မှာတော့ ကို့မှာဇောတစ်ခုဘဲရှိတယ် နေနေတို့ အဖွဲ့ထဲက လူတွေ ဘယ်သူမှ အသက် အန္တရာယ် မဖြစ်ဖို့ရယ် နေနေ့ကိုယ် နေနေလည်း ဘာမှ ဝင်ပူးကပ်လို့မရအောင်ရယ် ဒီစိတ်နှစ်ခုကိုတင်းထား နေရပေမဲ့ တကယ်တော့ နေနေ အရမ်း ကြောက်နေခဲ့ပါတယ် ပရလောကသားဆိုတာက ကြောက်စိတ်ရှိသူနဲ့ အားနည်းသူကိုဘဲ ကပ်လို့ရနိုင်တာ ဆိုတော့ ကိုယ့်စိတ်ကို မာန်သွင်း ခဲ့ရတာပေါ့.. ပြီးတော့ နေနေ့မှာကလည်း အလိုတော်ပြည့်ဆရာတော်ဘုရာကြီးပေးထားတဲ့ အဆောင် လက်စွပ်လေးလည်း ဝတ်ထားခဲ့ပါတယ် အဆိုးဆုံးက နေနေတို့ Shooting က မန်နေဂျာ သရုပ်ဆောင် ကိုဟိန်းမင်းခန့်နဲ့ နေနေ့ရဲ့ မိတ်ကပ် ဆရာမလေး ထက်ထက် (ခင်သန္တာလှိုင်) သူတို့နှစ်ယောက်က အဆိိံုးဆုံးထိဖြစ်ခဲ့ပါတယ် သူ့အဖြစ်က သနားစရာပါ အားလုံးသူ အိမ်ကြီးထဲမှာ ကြောက်လန့်နေချိန်မှာ သူက ခြံထဲက ကားထဲမှာ ပရိတ်ရေ သွားယူနေတုန်း ဂုတ်ကနေဆွဲပြီး ဝိုင်းရိုက်တာတဲ့ သူ့အသံကို ကြားတော့ ကားနှစ်စီးကြားထဲမှာ လူးလိမ့်နေတာဘဲ အားလုံးပြီးသွားတော့ နေနေ့ မိတ်ကပ်မလေးကို ၂၄ နာရီ ဖွင့်တဲ့ အထူးကုဆေးခန်း ပို့ခဲ့ရပါတယ်..ဒီနေ့တော့ နေကောင်းနေပါပြီ သူ့ခဗျာ အပမှီရတဲ့အထဲ တချို့သော သူများရဲ့ မဆင်မခြင်ရိုက်နှက်ခြင်းကြောင့် ဒဏ်ရာ တွေလည်းရခဲ့ပါတယ်အဲ့လူနဲ့ နေနေ နဲ့လည်း စကားများခဲ့ရပါတယ်..စစခြင်း ဘယ်သူ့မှ မဝင်ခင် အချိန်မှာ နေနေ့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလာပြီး လူလည်းခါထွက်သွားပါတယ် အဲ့နောက်မှ စဝင်ပူးကပ်ခံရတာပါ..တယောက်မှလည်း အမဲ ဝက် မစားထားကြပါဘူး" လို့ပြောဆိုထားပါတယ် ။

သရုပ်ဆောင် ဆုအိမ်စံကလည်း

" "ဟူး....ကြောက်လိုက်တာဆိုတာ

ပြောမနေနဲ့ ဘယ်ပြေးလို့ပြေးရလဲမသိဘူူး

တခါမှလည်းမကြံုဘူးဖူးရယ် ...

တယောက်ပြီးတယောက်ဝင်ပူးနေကြတာ ...

"One Night In The Old House" ရိုက်ကွင်းမှာ ." လို့ သူမရဲ့ခံံစားချက်ကိုပြောကြားထားပါတယ် ။

ဒါရိုက်တာ စွမ်းပိုင်ရဲ့ One Night In The House ဗီဒီယိုဇာတ်ကားမှာ ထက်အောင်ရှိုင်း၊ စိုင်းသူရ ၊ စျာန်ထက်၊စိုးထက်၊ ဆုအိမ့်စံ၊နေအဥ္စရာ၊ ဂျူးဂျူးခင် နဲ့ စုလဲ့နိုင်တို့ က အဓိက ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။