ရတနာခင်က သားသုံးဦးမိခင်ဘဝကို ကျေနပ်ပျော်ရွှင်နေပြီး အိမ်ထောင် သည်များအနေဖြင့် ကလေးတစ် ဦးထက်ပို၍ မွေးသင့်ကြောင်း အကြံပေးသည်။

‘‘အိမ်ထောင်ကျခါစက တစ် ယောက်တည်းမွေးမယ်ဆိုပြီး စဉ်း စားထားတာ။ ဒါပေမဲ့ သုံးယောက်ယူဖြစ်သွားတယ်။ အစက ကလေးအရမ်းများရင် စိတ်ရှုပ်ရမယ်လို့ ထင်တာ။ အခုကျတော့ ကလေး တွေ အများကြီးနဲ့နေရတဲ့ အရ သာကိုသိသွားတော့ ကလေးတစ် ယောက်တည်းယူထားတဲ့သူတွေ ကို ကလေးနှစ်ယောက်တော့ မွေး ကြပါလို့။ ကလေးတွေက ကိုယ် အိမ်ပြန်တဲ့အချိန်မှာ ကိုယ့်ကိုကြို တဲ့အရသာ၊ မိသားစု သိုက်သိုက် ဝန်းဝန်းနဲ့ ခရီးထွက်ရတဲ့အရသာ ဘယ်အရာနဲ့မှ မတူပါဘူးလို့။ စီးပွားရေးကျပ်တည်းတာလည်း ကျပ်တည်းတာပေါ့နော်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ မမွေး ကြပါနဲ့လို့၊ မပြောကောင်းမဆို ကောင်း ကလေးတစ်ခုခုဖြစ်သွား ရင် ကိုယ်ပဲရင်ကျိုးရမှာ။ ကိုယ့်ရဲ့ စီးပွားရေးတွေကို အမွေဆက်ခံ မယ့် သားသမီးဆိုတာ လိုတယ် လေ။ သမီးတွေပဲမွေးမွေး၊ သား တွေပဲမွေးမွေး သားသမီးဆိုတာ ရတနာပါပဲ’’ဟု ၎င်းက ပြော သည်။

သတင်းအရင်းမြစ် 7day daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။