အနုပညာရှင်များ

ချစ်သူသက်တမ်း ၁၁ နှစ်နဲ့ ၆ လတောင်ရှိပြီဆိုတဲ့ Presenter ဖြိုးမေတို့စုံတွဲ

Khwar လွန်ခဲ့သော ၄ လ က

MRTV 4 ကိုကြည့်တဲ့ ပရိတ်သတ်ဆိုရင်တော့ မဖြိုးမေတို့ကို သိနေမှာပါ ။

လူကြိုက်များတဲ့ ခေတ်သစ်ပျိုမေရဲ့ ပင်တိုင်တင်ဆက်သူလဲဖြစ်ပါတယ် ။

လတ်တလောမှာ သူမရဲ့ အချစ်ရေးသတင်းလေးဟာ အွန်လိုင်းသုံးစွဲသူပရိတ်သတ်တွေကြားလူပြောများလာခဲ့တာပါ ။

မဖြိုးမေနဲ့ သူ့ချစ်သူတို့ လက်တွဲခဲ့ကြတာ ၁၁ နှစ်နဲ့ ခြောက်လပြည့်သွားခဲ့တဲ့အမှတ်တရ အနေနဲ့ 

" Happy 11years & 6months Anniversary ပါမောင်❤️❤️❤️

ဖြတ်သန်းလာခဲ့တဲ့နှစ်ပေါင်းများစွာကို စိတ်ချမ်းသာစေခဲ့တဲ့အတွက်လဲ ကျေးဇူးအထူးတင်ပါတယ်!

RS သက်တမ်းကိုရှည်ကြာလာရုံမဟုတ်ပဲ အဓိပ္ပါယ်ရှိရှိကုန်လွန်စေခဲ့တဲ့အတွက်လဲကျေးဇူးတင်ပါတယ်!!

ဟိုးတုန်းကစချစ်ခဲ့တဲ့ ကျောင်းသူလေးကို အခုထိမြတ်နိ်ုးပေးခဲ့တဲ့ အတွက်လဲကျေးဇူးတင်ပါတယ်!!

တစ်ခါနဲ့တစ်ခါ မထပ်ရအောင်ထူးထူးခြား ရင်ခုန်ပျော်ရွှင်စေခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်!! သဲကြိုက်ဖူးတာလေးတွေကိုမှတ်ထားပီး သတိတရထည့်ဝယ်ပေးတာလေးတွေအတွက်လဲ ပိုချစ်ပါတယ် ..!

ဒီထက်ပိုကြိုးစားနေထိုင်ပီး အပြန်အလှန်စိတ်ချမ်းသာမှုလေးတွေအမြဲပေးကြရအောင်နော် ❤️ " လို့ ဖြိုးမေက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့တာကိုမျှဝေသူ အားကျသူများပြားလာခဲ့တာပါ ။ 

လိုချင်တယ်လို့ပြောဖူးတာလေးတွေကိုမှတ်ထားပြီးလက်ဆောင်ပေးတယ်ဆိုတဲ့ ချစ်သူပေးတဲ့ လက်ဆောင်လေးတွေနဲ့ အတူ သူမတို့ချစ်သူနှစ်ဦးပျော်ရွှင်နေတဲ့ ပုံလေးတွေကိုလည်း တင်ထားခဲ့တာဖြစ်ပါတယ် ။

တကယ်လည်း အားကျစရာပါပဲ ... ချစ်သက်တမ်းဒီလောက်အကြာကြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ ဂရုတစိုက် ချစ်ချစ်ခင်ခင်လက်တွဲထားနိုင်ဖို့ဆိုတာ တကယ်တမ်းမှာ လွယ်တော့မလွယ်လှပါဘူး ... သူတို့နှစ်ယောက်ဟာ ယခင်ကအမှတ်တရ Anniversary နေ့လေးတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက်ပျော်ရွှင်အောင် ရင်ခုန်စိတ်လှုပ်ရှားစရာအစီအစဉ်လေးတွေ အပြန်အလှန်ပြုလုပ်ပေးပြီး ဂရုစိုက်ချစ်ခင်ကြတာကိုတွေ့ရှိရတာမို့ ပရိတ်သတ်တွေကတော့ မဖြိုးမေတစ်ယောက် အချစ်ရေးမှာ ကံကောင်းတယ်လို့ပြောနေကြတာပဲဖြစ်ပါတယ် ... 

သတင်းအရင်းမြစ် : Phyo May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။