လတ်တလောလေးမှာ Facebook တစ်ခွင်မှာ နေရာတိုင်း ၀င်းလို့ ဆိုရလောက်အောင်ကို မြန်မာလူမျိုး ဂျပန်အဆိုတော်လေး အဝင်း ရဲ့ နာမည်ကနေရာယူခဲ့ပါတယ် ။ ပရိတ်သတ်တွေက ချစ်စနိုးနဲ့ ဗိုလ်ကြီးလို့ခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးလေး ရတနာဗိုလ်ကလည်း နှုတ်ခမ်းနီမလေးတို့ရဲ့ အသည်းကျော် အဝင်းလို့ခေါ်တဲ့ မိုရီဆာကီဝင်း ကို အနုပညာရှင်တစ်ယောက်အနေနဲ့ သဘောကျအားပေးတယ်လို့ဆိုပါတယ် ။ မင်းသမီးလေးက "ဝင်းဝင်းကိုငါကြိုက်တယ် ဝင်းဝင်းကိုငါချစ်တယ် ဝင်းဝင်းကိုပဲငါယူမယ်" ဆိုတဲ့သီချင်း Facebook ပေါ်တင်ခဲ့မိတဲ့ အကြောင်းနဲ့ပါတ်သတ်ပြီး ...

" သူငယ်ချင်းတွေနဲ့ စကြရင်းနောက်ကြရင်းနဲ့ တင်ထားတာပါ ။ ပြီးတော့ ကိုယ်လည်း အားပေးပါတယ် ။ ငယ်ငယ်တုန်းက ကြော်ငြာမှာတွေ့ဖူးတဲ့ ၀င်းဝင်းအမွှေးတိုင် ဖယောင်းတိုင် သီချင်းလေးကိုတင်လိုက်တယ် ။ အဲဒီအချိန်မှာ အကုန်လုံးက ၀င်း ၀င်းနဲ့ ဖြစ်နေတဲ့အချိန်မှာ အဲဒါလေးကို စပြီးတော့တင်လိုက်တော့ သူငယ်ချင်းတွေက ၀ုိင်းပြီးနောက်ကြတဲ့သဘောပါပဲ ။ တင်ထားတာလေးကတော့ ကြော်ငြာထဲကလို "ဝင်းဝင်းကိုငါကြိုက်တယ် ဝင်းဝင်းကိုငါချစ်တယ် ဝင်းဝင်းကိုပဲငါယူမယ် " အဲလိုမျိုးလေးပေါ့ ။ "

အဝင်းကို ဘာကြောင့် သဘောကျရတဲ့ အကြောင်းလေးကိုလည်း အောက်ပါအတိုင်းပြောပြထားပါတယ် ။ 

"သဘောကျပါတယ် ။ ဘာလို့ဆိုတော့ စကားပြောတာလေး ချစ်ဖို့ကောင်းတယ်လို့ မြင်တယ် ။ အင်တာဗျူးထဲမှာကြည့်ရတဲ့ သူစကားပြောတာလေး နဂိုထဲက တိုင်းရင်းသူတိုင်းရင်းသားလေး တွေဆို စကားဝဲလို့ရှိရင် နဂိုထဲကလည်း သဘောကျတယ် ။ စကားဝဲဝဲအသံလေးတွေကြားရင် အရမ်းလည်းချစ်တယ်ဆိုတော့လေ ... သူစကားမပီတာလေးကိုကြည့်ပြီးတော့ ဘာရယ်မဟုတ်ဘူး သဘောကျပြီးတော့ နောက်ပြီးတော့ တင်လိုက်တာပါ ။ 

အခုတွဲရိုက်ဖို့မရှိဘူးဆိုပေမယ့် အနုပညာအလုပ်အတူတူလုပ်ဖြစ်မယ်ဆိုရင်လည်း စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ ရိုက်ကြည့်ချင်ပါတယ် လို့ သူူမကပြောထားပါတယ် ။

" တွဲရိုက်ဖို့တော့မရှိဘူးပေါ့ ဒါပေမယ့် စိတ်ကူးရှိလားဆိုရင်တော့ ကိုယ့်ဆီရောက်လာတဲ့ အနုပညာမှန်သမျှကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားချင်တယ် ။ အကောင်းဆုံးဖြစ်အောင်ပဲ ပရိတ်သတ်ကိုတင်ဆက်ချင်တဲ့ စိတ်တော့ရှိပါတယ် ။ တွဲရိုက်ရမယ်ဆိုရင်တော့ သူဟိုမှာနေခဲ့တဲ့ ယဉ်ကျေးမှု ကိုယ့်မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု တွေက ဘယ်လိုလေးတွေရှိလဲ ဘယ်လိုမျိုးလေးတွေ ပရိတ်သတ်ကိုချပြရင် ပရိတ်သတ်စိတ်ဝင်စားမှုရှိမလဲဆိုတာ အဲဒါမျိုးလေးတွေတော့ ရိုက်ကြည့်ချင်တယ် ။ " လို့သူမကဆိုသွားပါတယ် ပရိတ်သတ်ကြီးရေ ...

အဝင်း မြန်မာပြည်မှာ အနုပညာအလုပ်တွေ ပြန်လာလုပ်မှာကိုမျှော်နေတဲ့ ပရိတ်သတ်တွေ ရှိကြလား ? ပြောသွားကြည့်ဦးနော် ... 

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။