BTS အဖွဲ့ရဲ့ ပရိတ်သတ်တွေ ရှိကြတယ်ဟုတ် ?

BTS အဖွဲ့ဟာ မြန်မာနိုင်ငံကိုလည်း လာရောက်ဖျော်ဖြေဖူးပါတယ် ။

ကမ္ဘာတစ်ဝှမ်းက နှုတ်ခမ်းနီမလေးတွေကြားသည်းသည်းလှုပ် အားပေးခံရတဲ့ Idol ချောချောလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ BTS ရဲ့ အနုပညာစွမ်းပကားကလည်း မသေးလှပါဘူး ။ သူတို့ရဲ့ သီချင်းတွေဟာ Billboard ထိတောင် အောင်မြင်ခဲ့တာပါ ။

ဒီအဖွဲ့ထဲက ပရိတ်သတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ Jungkook ကတော့ IU ကို ချစ်တဲ့အကြောင်းကို လေးကြိမ်တိုင်အောင် Media ကိုထုတ်ဖော်ပြောကြားခဲ့ဖူးတာမို့ IU အမာခံ Fan လို့တောင်ပြောရမှာပါပဲ ... 

Billboard Music Awards ပွဲမှာ Yahoo Music က BTS ကို အင်တာဗျူးစဉ် အဖွဲ့သားတွေရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ ပထမဆုံးဝယ်ဖူးတဲ့ သီချင်းခွေကို မေးမြန်းခဲ့ရာမှာတော့

Jungkook က တစ်ချက်ခိုးရယ်လိုက်ပြီးမှ " IU ကိုသိသလား " လို့ အစီအစဉ်တင်ဆက်သူကို ပြန်မေးခဲ့ပါတယ် ။

အစီအစဉ်တင်ဆက်သူက သူဝယ်ခဲ့တဲ့ ပထမဆုံးအခွေက IU အခွေလားလို့ မေးလိုက်တဲ့အခါမှာတော့ Jungkook ဟာ ရှက်နေတဲ့ ပုံလေးနဲ့ မျက်နှာလေး အောက်ကို ငုံလိုက်ပြီး " ဟုတ်တာပေါ့ " လို့ရယ်ပြီး ပြန်ဖြေခဲ့ပါတယ် ။ အမှန်တော့ Jungkook ဟာ ပွဲဦးထွက်စထဲက IU ကိုအလွန်သဘောကျနှစ်သက်ကြောင်း ထုတ်ဖော်ပြောကြားထားဖူးတာပါ ။ ဘယ်မိန်းကလေးအဖွဲ့နဲ့ ရင်းနှီးချင်လဲလို့ မေးခံရတိုင်းမှာလဲ တုန့်ဆိုင်းခြင်းမရှိဘဲ IU ကိုပဲ သူရွေးချယ်တာပါ ။ သူ သဘောကျတဲ့ မိန်းကလေးပုံစံက IU လိုပုံစံမျိုးပါလို့ ရှက်ဝဲဝဲနဲ့ထုတ်ဖော်ပြောကြားဖူးပါသေးတယ် ။ သူကတော့ IU ရဲ့ အမာခံ Fan တစ်ယောက်ပါပဲနော် ... 

သတင်းအရင်းမြစ် koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။