မျက်နှာသစ်သရုပ်ဆောင်တွေကို မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်ကနေတက်လာတဲ့ သရုပ်ဆောင်မင်းသမီး ရွှေသမီးကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ။ တီတီနဲ့ဒိုးနပ်ဇာတ်ကားမှာ ထိုင်းမင်းသမီးနဲ့အတူ ပြေတီဦးတို့နဲ့ သရုပ်ဆောင်ထားတဲ့ ရွှေသမီးက သူမရဲ့အကြောင်းကို အနည်းငယ် ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ဗီဒီယိုအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးဖြစ်လာတဲ့ ရွှေသမီးက သူ့အနေနဲ့ ရုပ်ရှင် နဲ့ ဗီဒီယို ဆိုပြီး ခွဲခြားထားတာ မရှိဘူးလို့ဆိုပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့တွဲပြီး သရုပ်ဆောင်တဲ့ အခါမှာလည်း သူတို့တွေဆီက ပညာရကြောင်း ပြောပါတယ်။

“သရုပ်ဆောင်ပိုင်းမှာ ရုပ်ရှင်နဲ့ ဗီဒီယိုဆိုပြီး ခွဲခြားထားတာ မရှိပါ ဘူး။ နှစ်ခုစလုံး ကတော့ ညီမအတွက် တာဝန် ရှိတယ်။ ရုပ်ရှင်ပိုင်း မှာ တော့ ဖက်ရှင် ပိုပြီး ဂရုစိုက်ရတယ်။ ဗီဒီယိုက ပရိသတ်တွေ နဲ့ တိုက်ရိုက် ထိတွေ့ ရတဲ့အပိုင်းဖြစ်တယ်။ ရုပ်ရှင် နဲ့ ဗီဒီယိုကို အကောင်းဆုံး မျှပြီး သရုပ် ဆောင်ဖြစ်တယ်။ ဝါရင့်သရုပ်ဆောင် တွေနဲ့ တွဲရိုက်ကူးရတာ တော်တော် လေး ပညာရပါတယ်။ သူတို့ရိုက်ကွင်း ပေါ်မှာ ဘယ်လို သရုပ်ဆောင်သွားတာ လဲ၊ ဒါတွေကို လိုက်ကြည့်ပြီး လေ့လာ ဖြစ်တယ်။ ပရိသတ်တွေ လက်ခံလာ အောင် အကောင်းဆုံး ကြိုးစား နေဆဲပါပဲ”လို့ ရွှေသမီးက ပြောပါ တယ်။

ကြိုးစားမှုတွေ အများကြီး လိုပါသေးတယ်လို့ပြောတဲ့ ရွှေသမီးက တစ်ခါတလေ စိတ်ဓာတ်ကျရင်လည်း စိတ် ကို ပျော်အောင်ထားပြီး နေထိုင်သူတစ်ဦးပါ။

“တစ်ခါတလေ စိတ်ဓာတ်ကျရင် အရင်ဆုံးစိတ်ကိုပျော်အောင် ထားတယ်။ ကိုယ့်ရဲ့စီနီယာအစ်ကို၊ အစ်မတွေ အင်တာ ဗျူးကိုဖတ်တယ်။ စိတ်ကိုဘယ်လို ဘယ်ပုံထားရမယ် ဆိုပြီး သုံးသပ်တယ်။ ဒီလိုမျိုးနဲ့ စိတ်ကိုပြန်မြှင့်တင်လေ့ရှိ တယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ရွှေ သမီးက ဒါရိုက်တာ ကျော် သားကြီး ရိုက်ကူးတဲ့ “ဓား ငပြူး” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်နဲ့ အတူ ပါဝင်သရုပ် ဆောင် နေပါတယ်။

Source : popular

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။