စပိန် super cup ပြိုင်ပွဲ ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။လာလီဂါထိပ်သီးအသင်းကြီးနှစ်သင်းရဲ့အားပြိုင်ပွဲဖြစ်တာနဲ့အညီ ပွဲကတော့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ပွဲချိန်အတွင်း အချင်းများခဲ့မှုတွေ ရှိခဲ့သလို အဝါကတ်တွေ အနီကတ်တွေ လည်းမြင်တွေ့ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက်ပထမဂိုးကိုတော့ မာဆယ်လိုရဲ့ဖြတ်တင်ပေးမှုကနေ ဘာစီလိုနာနောက်ခံလူ ပီကေးက ကိုယ့်ဂိုး ကို သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၇၇ မိနစ်မှာတော့ ဆွာရက်ကြောင့်ရလာတဲ့ပယ်နယ်တီကို မက်ဆီက ချေပဂိုးအဖြစ် သွင်းယူပေးနိုင်ခဲ့ပါတယ်။မိနစ် ၈၀ လောက်မှာ တန်ပြန်တိုက်စစ်ကနေ စီရော်နယ်ဒိုက ကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ဘာစီလိုနာအသင်းရဲ့ လူပေးအမှားကနေ အဆန်စီရို က အပြင်းကန်သွင်းခဲ့တာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးစီရော်နယ်ဒိုဟာ ဂိုးသွင်းယူပြီး အင်္ကျီချွတ်ပြီး အောင်ပွဲခံခဲ့တာကြောင့် အဝါကတ်ပြသခံခဲ့ရပါတယ်။ပယ်နယ်တီဧရီယာအတွင်း စီရော်နယ်ဒိုဟန်ဆောင်လှဲချခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက ၂ ဝါ ၁နီ နဲ့ထုတ်ပယ်ခဲ့ပါတယ်။ဒုတိယအကျော့မှာ စီရော်နယ်ဒိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်ကစားရတော့မှာ မဟုတ်ပါဘူး။ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒုတိယအကျော့ကိုတော့ သြဂုတ်လ ၁၇ ရက်နေ့မှ ယှဉ်ပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်။

source - spain super cup

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။