မြန်မာတိုက်စစ်ခက်ခက်ခဲခဲကျော်ဖြတ်ရမည့်စင်ကာပူခံတပ်ကြီး

မြန်မာအသင်းဟာဒီနေ့နေ့လည် 2:30မှာ ဆီးဂိမ်းပြိုင်ပွဲရဲ့

ဗွေဆော်ဦးပွဲစဉ်အဖြစ်ခါးသီးပြိုင်ဘက်စင်ကာပူအသင်းနဲ့

စတင်ရင်ဆိုင်ရပါပြီ။မြန်မာအသင်းဆီးမီးဖိုင်နယ်တက်ဖို့

ဒီပွဲကအရေးကြီးပါတယ်။စင်ကာပူဟာအရင်တစ်ပွဲတုန်းကမြန်မာကို2ဂိုးဂိုးမရှိနဲ့ရှုံးထား

ပါတယ်။အဲ့ဒီပွဲစဉ်အကျဉ်းချုပ်ပြောရရင်စင်ကာပူဟာခံစစ်ကစားဖို့ပြင်ဆင်လာပေမယ့်မ

အောင်မြင်ခဲ့ဖူးလို့ပြောလို့ရပါတယ်။ရှေ့တန်းမှာဖန်ဒီတစ်ယောက်တည်းသာအထောင်ထားပြီး

ဆူဟာမီကိုနောက်ချန်တိုက်စစ်မှူးတစ်ယောက်လိုကစားခဲ့တာပါ။

မြန်မာနဲ့ပွဲပြီးတဲ့နောက်မှာစင်ကာပူဟာသြစတေးလျအသင်းတွေနဲ့ခြေစမ်းပွဲတွေမှာ

ခံစစ်ကစားပုံကိုအဓိကထားပြင်ဆင်နေတာတွေ့ရပါတယ်။ဒါကြောင့်ဒီနေ့ကစားမယ့်ပွဲမှာလည်း

စင်ကာပူဟာခံစစ်ဆော့လာမယ်ဆိုတာအကြမ်းဖျင်းယူဆကြည့်လို့ရပါတယ်။

မြန်မာအသင်းရဲ့တိုက်စစ်မှူးတွေနဲ့စင်ကာပူနောက်တန်းအား

ပြိုင်မှုတွေကိုဒီနေ့ပွဲမှာထပ်မြင်ရဖို့ရှိပါတယ်။

မြန်မာတိုက်စစ်မှူးအောင်သူကိုစင်ကာပူနောက်တန်းကဆာဟင်၊ဖန်ဒီ၊ဒါရင်တန်တို့လူစုပိုမို

ထိန်းချုပ်ဖို့ကြိုးစားလာမှာဖြစ်ပြီးကွင်းလယ်တိုက်စစ်နေရာမှာတော့ အခုနောက်ပိုင်းခြေစွမ်းပြလာတဲ့ဘတ်စတီးရီးယားကွင်းလယ်လူအက္ကဘာကို

ထည့်သွင်းလာနိုင်ပါတယ်။ဘုန်းသစ္စာမင်းသတိထားရမှာကတော့ စင်ကာပူတိုက်စစ်က

အစ်ရှန်ဖန်ဒီ၊ဆွမ်ဒီတို့ရဲ့အဝေးကန်ချက်တွေပါပဲ။စင်ကာပူအနေနနဲ့

ဒီပွဲမှာခံစစ်ဆော့ပြီးကောင်တာပြန်ဆော့မယ်ဆိုတာသေချာသလောက်ပါပဲ။

မြန်မာအသင်းကိုယှဉ်ဆော့ဖို့မဖြစိနိုင်တာစင်ကာပူနည်းပြရစ်ချက်တာ

ဒီသဘောပေါက်နေလောက်ပါပြီ။

ဒါကြောင့်ဒီပွဲရဲ့အဖြေကတော့မြန်မာတိုက်စစ်မှူးတွေစင်ကာပူခံစစ်ကျောက်ဆောင်ကိုဖြတ်ကျော်သွားနိုင်မလား

ဆိုတာပါပဲ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။