ချစ်ဖို့ကောင်းတဲ့မလေးရှားရောက်မြန်မာဘောလုံးအသင်းပရိသတ်များ

မြန်မာဘောလုံးအသင်းကိုချစ်ကြတဲ့မလေးရှားရောက်

မြန်မာပရိသတ်ကြီးကတော့မြန်မာအသင်းကိုအားပေးဖို့

အသင့်ဖြစ်နေပါပြီ။ဒီနေ့ဟာရုံးဖွင့်ရက်ဖြစ်ပြီးမြန်မာအသင်းဟာကွာလာလမ်ပူ

ရဲ့နေ့လည်ခင်းအချိန်မှာကစားမှာဖြစ်ပေမယ့်

့်မလေးရောက်မြန်မာပရိသတ်တွေဟာ ကားကြီးကားငယ်

အသွယ်သွယ်နဲ့မြန်မာအသင်းကစားမယ

့်ဆလာရန်းကစားကွင်းကြီးဆီချီတက်နေကြပါပြီ။

ကိုယ်တိုင်လုပ်နိုင်ငံတော်အလံတွေ၊ဗီနိုင်းတွေ၊ နဖူးစည်းစာတန်းတွေ၊မြန်မာအသင်းဝတ်စုံတွေနဲ့မလေးရောက်

မြန်မာပရိသတ်ကြီးဟာဆလာရန်းကွင်းကိုရန်ကုန်သုဝဏ္ဏကွင်း

လို့ထင်မှတ်မှားရလောက်အောင်ကိုအားပေးကြမှာပါ။

မြန်မာအသင်းကိုလာအားပေးဖို့ရာသူတို့မှာအခက်အခဲတွေ

ရှိနေပေမယ့်လည်းသူတို့ရဲ့ထက်သန်တဲ့မျိုးချစ်စိတ်ကို

ဘယ်အရာကမှမတားဆီးနိုင်ပါဘူး။

ဦးဇော်ဇော်ကိုယ်တိုင်ကလည်းမြန်မာအသင်းကိုအားပေးဖို့

မနေ့ကတည်းကရန်ကုန်ကနေ ကွာလာလမ်ပူကို ထွက်ခွာသွားခဲ့ပါပြီ။ဦးဇော်ဇော်နဲ့အတူ

MNL ကလပ်တွေရဲ့ ပိုင်ရှင်တွေလည်းကွာလာလမ်ပူကို

ထွက်ခွာသွားကြပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ပရိသတ်

ကြီးကလည်းရုပ်မြင်သံကြားကနေတဆင့် အားပေးဖို့အသင့်ဖြစ်နေကြပြီထင်ပါတယ်။

Source-Zaw Min Htike


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။