အငှားယာဉ်မောင်းဖြစ်သူမှ ခရီးသည်မေ့ကျန်ခဲ့သောပစ္စည်းများအား

တာဝန်သိသိဖြင့် ဒဂုံမြို့မရဲစခန်းသို့ အပ်နှံပေးခဲ့သဖြင့် ရဲစခန်းမှ

တပ်ဖွဲ့ဝင်များက ပိုင်ရှင်ဖြစ်သူထံပြန်လည်လွှဲပြောင်းအပ်နှံ

၂၁.၁၀.၂၀၁၆ရက်နေ့ ၁၃၂၀ အချိန်တွင် ထိုင်းနိုင်ငံသား Mr.Pasit Sirimalai,

Passport No. AA 2658356, Visa Visit ကိုင်ဆောင်သူသည် စကားပြန်ဖြစ်

သူ မဖြိုးဖြိုးဌေးနှင့်အတူ ဆူးလေမှ ပြည်သူ့ရင်ပြင်သို့ အငှားယာဉ်တစ်စီးအား

ငှားရမ်းစီးနင်းလာခဲ့ကြောင်း၊ ၎င်းနောက် ပြည်သူရင်ပြင်သို့ ရောက်ရှိပြီး

အငှားယာဉ်ပေါ်မှအဆင်းတွင် ငှားရမ်းစီးနင်းလာသော အငှားယာဉ်ပေါ်၌

Laptop ၁ လုံး နှင့် ခရီးဆောင်ကျောပိုးအိတ်တို့မှာ မေ့ကျန်ခဲ့ကြောင်းကို

ဒဂုံမြို့မရဲစခန်းသို့ လာရောက်အကြောင်းကြားလာခဲ့ပါသည်။

ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ၎င်းတို့ ၂ ဦးအား ငှားရမ်းစီးနင်းခဲ့သည့်

အငှားယာဉ်နှင့်ပတ်သက်၍ မေးမြန်းစိစစ်ရာ ၎င်းယာဉ်နံပါတ်အား

မမှတ်မိကြောင်း ပြောဆိုနေစဉ် ၎င်းတို့ငှားရမ်းစီးနင်းခဲ့သည့် အငှား

ယာဉ်မောင်းဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်နေ ဦးဝင်းအောင်မှ မေ့ကျန်ခဲ့သော

ပစ္စည်းများနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြား

လာခဲ့ပြီး လာရောက်အပ်နှံပေးခဲ့သဖြင့် ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက

ပိုင်ရှင်ဖြစ်သူ Mr.Pasit Sirimalai ထံသို့ ပြန်လည်လွှဲပြောင် ပေးခဲ့ကြောင်း

သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။