အမေ့လျော့ခံမြန်မာယူ-18ဘောလုံးသမားလေးများ

ုမြန်မာယူ-18ဘောလုံးသမားလေးတွေဟာ ပြည်သူ

တွေရဲ့မေ့လျော့ခြင်းကိုခံနေရပါတယ်။

မြန်မာယူ-22အသင်းရဲ့လောင်းရိပ်မိနေတယ်လို့ဆိုရမလားပါပဲ

အင်တာမီလန်နဲ့ခြေစမ်းပွဲတွေမှာတောင်ပရိသတ်တွေအင်တိုက်အားတိုက်ကွင်းထဲကို

လာရောက်အားပေးခဲ့ခြင်းမရှိပါဘူး။

မြန်မာယူ 18 နည်းပြကြီးဘန်လာဘီကတောင်

ပရိသတ်တွေအားပေးမှုနည်းနေခြင်းကိုညည်းတွားခဲ့ပါတယ်။

တကယ်ဆိုရင်ဒီအသင်းလေးဟာ အင်တာမီလန်လိုဥရောပအသင်းကြီးတစ်သင်းရဲ့လူငယ်အသင်းကိုရေကုန်ရေခန်းကြိုးစားကစားကြတာပါ။

ကြိုးစားသမျှလည်းအရာထင်ခဲ့ပါတယ်။နောင်ဆုံးကစားခဲ့တဲ့ပွဲမှာတောင်သရေရလဒ်ကိုရယူပေးနိုင်ခဲ့

ပြီးခြေစွမ်းအသာနဲ့ဆော့ကစားနိုင်ခဲ့တာပါ။

ဒါပေမယ့်ပရိသတ်တွေရဲ့လက်ခုပ်သံတွေကတော့

ပျောက်ဆုံးနေခဲ့ပါတယ်။

ဒီအသင်းလေးဟာ ပရိသတ်တွေရဲ့မေ့လျော့ခြင်းခံရတာ

ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။အာဆီယံယူ16ပြိုင်ပွဲမှာအောင်မြင်မှုရခဲ့ပေမယ့်လည်းအောင်သူတို့U 20အသင်းရဲ့ကမ္ဘာ့ဖလားအောင်မြင်မှုသတင်း

တွေအောက်မှာကွယ်ပျောက်နေခဲ့ရပါတယ်။မြန်မာယူ18ဟာတကယ်ကောင်းတဲ့အသင်းပါ။

မြန်မာ့ဘောလုံးရဲ့အနာဂါတ်လည်းဖြစ်ပါတယ်။ဒါကြောင့်အောင်သူ၊သန်းပိုင်တို့လိုပဲ ဝင်းနိုင်ထွန်း၊ပြည့်စုံနိုင်တို့ကိုလည်းအားပေးကြပါအုံးလို့.....

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။