ပရီးမီးယားလိဂ်ပွဲစဉ်၁ ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယူကားဆယ်အသင်းနဲ့စပါးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ စပါးအသင်းက ၂ ဂိုး ၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်

စပါးအသင်းဟာ ပြီးခဲ့တဲ့ရာသီက လူစာရင်းအတိုင်း ဟာရီကိန်း၊ အလီ၊ အဲရစ်ဆင် တို့ကိုပွဲထွက်ခဲ့ပြီး တိုက်စစ်ဆင်ကစားခဲ့ပါတယ်။နယူးကာဆယ်အသင်းရဲ့နည်းပြ ဘင်နီတတ်ကတော့ သူတို့ရဲ့အသားကျနေတဲ့ လူစာရင်းတွေ ဖြစ်တဲ့ အက်ဆု၊ ရှယ်ဗီး၊ ပီရက် တို့ရဲ့ တိုက်စစ်နဲ့ယှဉ်ကစားဖို့ကစားကွက် ပုံဖော်ခဲ့ပါတယ်။နယူးကာဆယ်အသင်းရဲ့ကစားသမား ရှယ်ဗီးဟာ အလီကို ခြေထောက်တတ်နင်းခဲ့တာကြောင့် အနီကတ် နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။နယူးကာဆယ်ဟာ တစ်ယောက်လျော့နဲ့ ဆက်လက်ကစားခဲ့ပြီး စပါးအသင်းရဲ့တိုက်စစ်ကို မထိန်းထားနိုင်ခဲ့တာကြောင့် ဂိုးတွေခွင့်ပြုခဲ့လိုက်ရပါတယ်။

စပါးအသင်းရဲ့ပထမဂိုးကိုတော့ အဲရစ်ဆင်ရယ်ဖြတ်တင်ပေးမှုကနေ အလီက ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယဂိုးကိုတော့ ဒေးဗစ်က အနီးကပ်ပိတ်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးမိနစ်မှာ ကိန်းရဲ့သွင်းဂိုး တိုင်ထိထွက်ခဲ့တာကြောင့် တစ်ဂိုးနစ်နာခဲ့ရပါတယ်။စပါးအသင်းဟာ နယူကားဆယ်ရဲ့ တိုက်စစ်ကို ထိန်းချူပ်ကစားခဲ့ပြီး အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်

source - football news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။