မင်းသားတစ်ယောက်ရဲ့မိန်းမက အသရေဖျက်လို့ တရားစွဲမယ်ဆိုတဲ့ မေပန်းချီ

မင်းသားတစ်ယောက်ရဲ့ မိန်းမက

ဒီနေ့ ကျွန်မ ကို အသရေဖျတ်မူ့ ကျူးလွန်တာပဲ၊

လွန်ခဲ့တဲ့၂နှစ်လောက်က ရိုက်ထားတဲ့ ကားမှာ ဇာတ်ဝင်ခန်းမှာ သူ့ယောကျင်္ားနဲ့ဖက်လို့တဲ့.. သူ့ယောကျင်္ားနဲ့လာ သမုတ်ပါတယ်၊

ပရိသတ်ကြီးကော ဘယ်မင်းသားဖြစ်မယ် ထင်ကြလဲ

နာမည်အရမ်းကြီးတဲ့မင်းသားလဲမဟုတ်ပါ၊ ဘာပတ်သက်မူ့မှလဲမရှိ၊ အလုပ်သဘောအရ၊ အနုပညာအရ အလုပ်လုပ်ခြင်းပဲဖြစ်ပါသည်၊ သူ့ယောကျင်္ားမင်းသားက လာတောင်းပန်ပေမဲ့ကျွန်မ မကျေအေးနိုင်ပါဘူး၊

ထိုအမျိုးသမီးမှာအမျိုးမျိုးစော်ကားထားတဲ့အသံဖိုင် ကိုလဲဖမ်းယူထားရှိပါတယ်၊ မဟုတ်မှန်းသိမှ အစ်မမှားပါတယ်ဆိုပီး တောင်းပန်ပီး စာပို့ပေမဲ့ လဲမကျေအေးနိူင်ပါ၊ ဘာကြောင့်လဲ ဆိုတော့ မေပန်းချီ ရာဇဝင်မှာနာမည်ပျက်မရှိသလို အနုပညာလောက မှာ နာမည်ဆိုးမရှိပါ၊

တစ်ရှုတင်လုံးလဲ မျက်မြင်ကိုယ်တွေ့ မို့လို့ အားလုံး က ကျွန်မ ဘယ်လိုနေထိုင်တတ်တယ်ဆိုတာ သိကျတယ် ဇာတ်ဝင်ခန်းထဲမှာဖက်တိုင်းတာ ကြိုက်ကျရရင် မင်းသားတွေအားလုံးနဲ့ အပေးစားခံရမှာပေါ့ ...အနုပညာအလုပ်ပါ အပြင်မှာ လာဖက်ကြည့်ပါလား၊ ပါးတောင်ရိုက်ဖို့ဝင်မလေးတတ်ဘူး ရှင်းလား နောက်တစ်ခု သူ့ယောကျင်္ားနဲ့သရုပ်ဆောင်တာ အရမ်းတွေပီပြင်နေတယ်တဲ့ ဘယ်လိုပြောရမလဲ အဲ့မိန်းမတော်တော်ညဏ်ကောင်းပုံရတယ်

ဘယ်လိုပဲပြန်တောင်းပန်တောင်းပန်ပါ ကျွန်မအလျှော့ပေးမည်မဟုတ်ပါ

အဲ့မိန်းမ အရင်ကလဲ ရူတင်မှာ သူ့ယောကျင်္ားနဲ့အတူတူ ကားရိုက်နေတဲ့ကောင်မလေးတယောက်ကိုလဲပါးရိုက်ဖူးတယ် သူ့ယောကျင်္ားနဲ့ကားရိုက်တဲ့ မိန်းကလေးအားလုံးကိုလဲ သူယောကျင်္ားနဲ့ပေးစားတယ်သမုတ်တယ် ဖုန်းတွေဆက်တယ် သူ့ရဲ့ မကောင်းတဲ့အကျင့်ပါ

ကျွန်မတော့မဟုတ်ရင် ငြိမ်မခံတတ်လို့ အခုမှလာတောင်းပန်လို့မရပါ ကိုယ့် စကားကိုယ်တာဝန်ယူနိူင်မှပြောပါ လုပ်သင့်တာလုပ်သွားမည် မှတ်တမ်းတွေ အကုန်ရှိပါသည်၊

အရင်ကတည်းက အစ်ကိုတစ်ယောက်လို အနုပညာမောင်နှမ တွေလို ခင်မင်ခဲ့တဲ့ အစ်ကို ကိုတော့ ညီမ အားနာမိပါတယ် အစ်ကိုဖုန်းဆက်ပီးတောင်းပန်တာကိုအသိအမှတ်ပြုပါတယ် ဒါပေမဲ့ စော်ကာသွားတာက အစ်ကို့ မိန်းမ ဖြစ်နေလို့ တောင်းပန်ရမှာက သူပါ မဟုတ်ဘူးဆိုတာ သူသိနေပီပဲ ..ဒီအတိုင်း မိန်းခလေးတိုင်းကို ဆက်စော်ကား နေရင် အဆင်မပြေလို့ ပါ

အဲ့လိုသမုတ်ခံရတဲ့ မိန်းခလေးတွေအစား လူမိုက် လုပ်ပေးလိုက်တာ အနုပညာသမားဆိုပေမဲ့ အပြင်လူတွေထပ် ၅၀%ပိုသည်းခံပါတယ် ဒီတစ်ခါ တော်တော်လွန်သွားလို့ပါလို့ သူ့ faceook မှာ တင်ထားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။