စပျစ်သီးကို အစိမ်းလိုက် ရေဆေးပြီး စားတယ်၊ အခြောက်လှမ်းပြီး စားတယ်၊ ယိုထိုးပြီး စားတယ်၊ ဖျော်ရည် သောက်တယ် … စသည် စသည်ဖြင့် စပျစ်သီးကို အမျိုးမျိုး စားသုံးလေ့ ရှိပါတယ်။ စပျစ်သီးတွင် ရေဓာတ်ပါ၀င်နှုန်းမှာ ရ၀ မှ ၈၀ ရာခိုင်နှုန်းအထိ ဖြစ်ပြီး သကြားဓာတ်ပါ၀င်နှုန်းကတော့ ၁၅ မှ ၃၀ ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။ စပျစ်သီးကို စားသုံးပေးခြင်းဖြင့် မည်သည့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်းကိုလည်း အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ 

(၁) ၀မ်းချုပ်ခြင်းကို သက်သာစေခြင်း

စပျစ်သီးမှာ Cellulose, organic acid နဲ့ သကြားတို့ ပါဝင်တာကြောင့် ၀မ်းကို ပုံမှန်ဖြစ်စေပါတယ်။ ဒါကြောင့် ၀မ်းချုပ်သူများအနေဖြင့် စပျစ်သီးကို စားသုံးဖို့ သင့်တော်ပါတယ်။

(၂) ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ကုသနိုင်ခြင်း

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြင့် သက်သာပျောက်ကင်းစေတာကြောင့် ကောင်းတစ်ခြမ်းကိုက်တတ်သူများအနေနဲ့ မနက်တိုင်း စပျစ်သီး ဖျော်ရည်သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။ 

(၃) စိတ်ကြည်လင် လန်းဆန်းစေတယ်

ရေနည်းနည်းဖြင့် ဖျော်သော စပျစ်သီး ဖျော်ရည် သောက်သုံးခြင်းဖြစ်စေ၊ စပျစ်သီး စားသုံးခြင်းဖြစ်စေ ဦးနှောက်ကို လန်းဆန်းစေပြီး စိတ်ကိုလည်း ကြည်လင် လန်းဆန်းစေပါတယ်။

(၄) နှလုံးနှင့် ပတ်သက်သောရောဂါများကို ကာကွယ်ပေးခြင်း

နှလုံးနဲ့ ဆက်စပ်ရောဂါအားလုံးကို ကာကွယ်တားဆီးပေးပါတယ်။ သွေးထဲကို နိုက်ထရစ်အက်ဆစ်ဓာတ်တိုးစေတာကြေင့် သွေးလည်ပတ်မှု အားကောင်းပြီး သွေးခဲမှု မဖြစ်အောင် တားဆီး ကာကွယ် ပေးပါတယ်။ နှလုံးရောဂါ ရှိသူများအနေနဲ့လည်း စပျစ်သီး ပုံမှန် မှီဝဲ စားသုံးခြင်းဖြင့် ဝေဒနာကို သက်သာစေပါတယ်။

(၅) ကိုလက်စထရော level ကိုလျော့ချပေးခြင်း

ကိုလက်စထရော ကို လျော့ချပေးတာကြောင့် ဒါကြောင့် သွေးလမ်းကြောင်း ပိတ်ခြင်းကို လုံးဝ မဖြစ်စေပါဘူး။

(၆) အစာမကြေ ဝေဒနာ ပျောက်ကင်းစေခြင်း

အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ် ရောဂါ ဝေဒနာ မှန်သမျှကို ပျောက်ကင်းစေပါတယ်။ ဒါကြောင့် အစာစားပြီးတဲ့အခါ စပျစ်သီးကို စားပေးသင့်ပါတယ်။

(၇) ပန်းနာ ပျောက်ကင်းစေခြင်း

စပျစ်သီး စားသုံးခြင်းဖြင့် ပန်းနာရင်ကြပ်နဲ့ လည်ချောင်းတစ်လျှောက် ရောဂါများ ကို ပျောက်ကင်း စေပါတယ်။ အထူးသဖြင့် စပျစ်သီးခြောက် စားသုံးခြင်းဖြင့် ပန်းနာကို ပိုမိုပျောက်ကင်းဖို့ ထိရောက် ပါတယ်။

စပျစ်သီးကို စားသုံးပေးခြင်းဖြင့် ထိုအကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး အခြား အခြားသော အကျိုးကျေးဇူးများလည်း ရရှိနိုင်တာကြောင့် စပျစ်သီးသည်လည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးသော အသီး တစ်မျိုးဟုလည်း ဆိုနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။