ဘာစီလိုနာအသင်းဟာ ကွမ်းကျိူးအဲဗာဂရင်း အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ်လင်ဟိုကို ပေါင် ၃၆ သန်း နဲ့ ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေထွက်နေခဲ့ပါတယ်

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်လင်ဟိုဟာ ၂၀၁၅ ခုနှစ်မှာ စပါးအသင်းကနေ ကွမ်းကျိူး အဲဗာဂရင်း အသင်းကို ပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။ပေါ်လင်ဟိုဟာ စပါးအသင်းအတွက် ၆၇ ပွဲကစားပေးခဲ့ပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ပေါ်လင်ဟိုဟာ လက်ရှိ ကွမ်းကျိူး အသင်းမှာ ပွဲပေါင်း ၉၅ ပွဲကစားထားခဲ့ပြီး ၂၈ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ကွင်းလယ်မှာ ဂိုမက်ကို ရောင်းထုတ်ချင်နေတာကြောင့် ပေါ်လင်ဟို ကို ခေါ်ယူရန်စိတ်ဝင်စားနေခဲ့တာလည်းဖြစ်ပါတယ်။ဘရားဇီးလ် ကစားသမား ပေါ်လင်ဟိုကတော့ လက်ရွေးစင် အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိအောင် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေတာလည်းဖြစ်ပါတယ်

source - football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။