အောင်သူရဲ့ဂိုးတွေနဲ့ရှာအလမ်ကွင်းကြီးထဲကမြန်မာတို့ရဲ့ကြုံးဝါးသံ

ကွာလာလမ်ပူမြို့ရှာအလမ်ကွင်းကြီးထဲမှာမလေးရှားရောက်

မြန်မာပရိသတ်တွေအုံနဲ့ကျင်းနဲ့လာအားပေးခဲ့ကြပါတယ်။မြန်မာပရိသတ်တွေအားပေးရကျိုးနပ်အောင်ကိုပဲအောင်သူ

မြန်မာအသင်းအတွက်ဂိုးတွေသွင်းပေးခဲ့ပါတယ်။အောင်သူရဲ့သွင်းဂိုးတွေနဲ့အတူမြန်မာတို့ရဲ့ကြံုးဝါးသံတွေဟာ

ဘဝဂ်ညံခဲ့တယ်လို့ဆိုရပါမယ်။

မြန်မာအသင်းဟာပွဲစကတည်းကစင်ကာပူကိုဖိကစားခဲ့ပြီး

ပွဲအစ 6မိနစ်မှာမောင်မောင်လွင်အပိုင်

ခေါင်းတိုက်သွင်းခဲ့ပေမယ့်စင်ကာပူဂိုးသမားဇဟာဖန်ကောင်းလွန်းလို့သာမြန်မာတို့

စောစောစီးစီးဂိုးမရခဲ့တာပါ။စင်ကာပူကတော့အစ်ဆန်ဖန်ဒီကိုအထောင်ထားပြီးမြန်မာ

အသင်းရဲ့အဓိကတိုက်စစ်မှူးအောင်သူကိုအပိုင်ထိန်းချုပ်ဖို့

ကြိုးစားခဲ့ပါတယ်။ကြိုးစားမှုဟာမအောင်မြင်ခဲ့ဘဲ ပထမပိုင်းပြီးခါနီးမှာလှိုင်းဘိုဘိုကန်သွင်းရာမှတဆင့်

စင်ကာပူနောက်ခံလူတွေနဲ့ထိပြီးပြန်ထွက်လာတဲ့ဘောလုံးကို

အောင်သူကဂိုးသမားဇဟာဖန်ဘယ်လိုမှမတတ်နိုင်အောင်ဘဲကန်သွင်းယူသွားပါတယ်။

ဒုတိယပိုင်းမှာလည်းမြန်မာအသင်းကသာဖိကစား

ခဲ့ပြီးမိနစ် 60ကျော်မှာမြန်မာတောင်ပံကစားသမား

မောင်မောင်လွင်လှလှပပချိုးပေးတဲ့ဘောလုံးကိုတိုက်စစ်မှူး

အောင်သူအသာအယာပိတ်သွင်းသွားခဲ့ပါတယ်။

ဒုတိယဂိုးရပြီးနောက်မှာတော့မြန်မာအသင်းဟာ

အနိုင်ဂိုးတွေကိုထိန်းဆော့ဖို့ကြံစည်လာပြီးခံစစ်အားသန်တဲ့ကွင်းလယ်လူယရဲရင့်ထွန်းကို

ကွင်းလယ်အဖျက်ကစားသမားရန်နိုင်ဦးနေရာမှာထည့်သွင်းခဲ့ပါတယ်။

ဒီပွဲရဲ့သူရဲကောင်းကအောင်သူဖြစ်ပေမယ့်လည်းချီးကျူးရမယ့်နောက်ထပ်

ကစားသမားတစ်ဦးကတော့

ဂိုးသမားဆန်းဆက်နိုင်ပါ။သူဟာအမိုင်ရူဒင်၊အစ်ဖန်ဖန်ဒီတို့ရဲ့

အပိုင်ဂိုးသွင်းခွင့်တွေကိုအံအားသင့်ဖွယ်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

မြန်မာအသင်းရဲ့နိုင်ပွဲဟာချိုမြိန်ခဲ့တယ်လို့ပြောလို့ရပြီးမလေးရောက်

မြန်မာပရိသတ်ကြီးလည်းပျော်ရွှင်ခဲ့ရပါတော့တယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။