ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူးစီရော်နယ်ဒိုဟာ Super cup ပြိုင်ပွဲမှာ နှစ်ဝါ တစ်နီနဲ့ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။သာမန်ဆိုရင် တစ်ပွဲပယ် အနေအထား ဖြစ်သော်လည်း ရော်နယ်ဒိုဟာ ဒိုင်လူကြီးကို တွန်းခဲ့တဲ့အတွက် စပိန်ဘောလုံးအဖွဲ့ချူပ်က ၅ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ၁ ပွဲပယ် ပြစ်ဒဏ်အတွက် စီရော်နယ်ဒိုဟာ ယူရို ၈၀၀ ပေးဆောင်ရမှာဖြစ်ပြီး၊ကလပ်အသင်းဟာ ယူရို ၃၅၀ ပေးဆောင်ရမှာလည်းဖြစ်ပါတယ်။ဒိုင်လူကြီးကိုတွန်းခဲ့တဲ့ အတွက် ၄ ပွဲပယ် ပြစ်ဒဏ်ကျခံရပြီး စီရော်နယ်ဒိုဟာ ယူရို ၃၀၀၅ ပေးဆောင်ရမှာဖြစ်ပြီး၊ကလပ်အသင်းကတော့ ယူရို ၁၄၀၀ ပေးဆောင်ရမှာလည်းဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ super cup ဒုတိယအကျော့ကိုလွဲချော်တော့မှာဖြစ်ပြီး ၊ လာလီဂါပွဲစဉ် လေးပွဲကိုလည်း လွဲချော်တော့မှာလည်းဖြစ်ပါတယ်။စီရော်နယ်ဒို လွဲချော်မယ့် ရာသီစလေးပွဲကတော့

၁ ဒီပို့တီပို့

၂ ဗလင်စီယာ

၃ လီဗန်တေး

၄ ဆိုစီဒက် တို့ပဲဖြစ်ပါတယ်။

Source - Squawka Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။