မြန်မာနှင့် ထိုင်း တို့ ပူးပေါင်းရိုက်ကူးခဲ့သည့် From Bangkok to Mandalay( ဘန်ကောက်မှ မန္တလေးသို့) ရုပ်ရှင်

မြန်မာနှင့်ထိုင်းတို့ ပူးပေါင်းရိုက်ကူးထားသည့် ဘန်ကောက်မှ မန္တလေးသို့ ရုပ်ရှင်ဇာတ်ကားကို ယခုမြန်မာနိုင်ငံတွင် ပြသလျက်ရှိပြီး ထိုင်းနိုင်ငံ၌ နိုဝင်ဘာလဆန်းပိုင်းတွင် ရုံတင်ပြသမည်ဟု သိရသည်။ ထိုဇာတ်ကားတွင် မြန်မာနိုင်ငံမှ နေတိုး စိုင်းစိုင်းခမ်းလှိုင် နှင့် ဝတ်မှုန်ရွှေရည် တို့ကပါဝင်ပြီး ထိုင်းဘက်မှ ထိုင်းမင်းသမီး

Naam Wham Pilaiporn တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ထိုင်းလူမျိုး ဒါရိုက်တာက ရိုက်ကူးထားကြောင်း သိရသည်။

ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး သူသရုပ်ဆောင်ခဲ့ရတဲ့ ကာရိုက်တာအပေါ် "ပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ရုပ်က ကျွန်တော့်ရဲ့ ပြင်ပ ကာရိုက်တာနဲ့ ၈၀ ရာခိုင်နှုန်းလောက် သွားတူနေတယ်လို့" စာပို့သမားလေးအဖြစ် သရုပ်ဆောင်ထားတဲ့ နေတိုးက ပြောပါသည်။ သည်ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံရဲ့ သမိုင်းဝင် ဂန္တဝင်ဆန်တဲ့ မြို့တွေဖြစ်တဲ့ ရန်ကုန် မန္တလေး ပုဂံ မင်းကွန်း ပြင်ဦးလွင် စတဲ့မြို့တွေမှာ ရိုက်ကူးထားပြီး ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်ကားသည် ၁၉၆၀ ခန့်က ချစ်သူနှစ်ဦး၏ အကြောင်းမှအစပြု၍ ယနေ့ခေတ် လူငယ်နှစ်ဦး၏ အချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ သဘာဝအလှအပများကို မြင်တွေ့ရမည့် ရုပ်ရှင်တစ်ကားဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ငါးထောင်ကျော် အကုန်ကျခံရိုက်ကူးထားကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ သဘာဝအလှတွေကို တဝကြီးခံစားရမယ့် "ဘန်ကောက်မှ မန္တလေးသို့" ဇာတ်ကားကြီးကို အားပေးဖို့ ပရိသတ်ကြီးကကော အဆင်သင့်ပဲလား…………………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။