မန်းဖစ်စ် ဒီပိုင်းဆိုတာ ဘောလုံးလောက က ပရိသတ်ကြီးနှင့် မစိမ်းကားပါဘူး။ သူ့အနေဖြင့် နာမည်ကျော် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်မှာ နာမည်ကျော်နံပါတ်ရဂျာစီကို ၀တ်ဆင်ကစားခဲ့တာပါ။ ဒါကြောင့် စီရော်နယ်ဒို ခြေရာနင်းနိုင်မယ်လို့ လူတိုင်းယူဆခဲ့ကြပါတယ်။ ကံမကောင်း အကြောင်းမလှဆွဲနဲ့ဘဲ နံပါတ်ရရဲ့ဖိအားတွေ အောက်မှာ နောင်တော်တွေရဲ့ ထုံးစံအတိုင်း ဒီပိုင်းတစ်ယောက် ကျရှုံးခဲ့ပါတယ်။ 

ဒီပိုင်းအနေဖြင့် ငယ်စဉ်က နယ်သာလန်ကလပ် PSV အသင်းနှင့် နာမည်ကျော်ကြားခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းများစွာ ပြသခဲ့တာပါ။ ဒါကြောင့် ထိုစဉ်ကမန်ချက်စတာယူနိုင်တက်နည်းပြ ဗန်ဟားအနေဖြင့် လူငယ်ဒီပိုင်းကို မန်ချက်စတာယူနိုင်တက်သို့ ခေါ်ယူခဲ့တာပါ။ ဒီပိုင်းအနေဖြင့် ခြေစွမ်းကို အကောင်းဆုံးကစားပြခဲ့ပေမယ့်လည်း ဖိအားတွေကပြင်းထန်လှပါတယ်။ ယခုလက်ရှိနည်းပြ မော်ရင်ဟို မန်ချက်စတာယူနိုင်တက်နည်းပြ ဖြစ်လာတော့ ဒီပိုင်းကို ပြင်သစ်လီဂူးကလပ် လိုင်ယွန်သို့ ရောင်းချလိုက်ပါတယ်။

ဒီပိုင်း အနေဖြင့် တစ်ချိန်မှာ ခြေစွမ်းပြန်ပြမယ်လို့လည်း ကြုံးဝါးခဲ့တာပါ။ ယခုလက်ရှိအချိန်မှာတော့ ပြင်သစ်လိဂူးပွဲစဉ်တွေလည်း ပြန်စနေပြီဖြစ်ပါတယ်။ ရီးနက်စ်အသင်းကို လိုင်ယွန်က ၂-၁ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့တဲ့ ပွဲမှာ ဒီပိုင်းတစ်ယောက် တည်ကန်ဘောကနေ အသင်းအတွက်ဂီုးသွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးမှာတော့ အနားယူတဲ့အနေဖြင့် ဒီပိုင်းတစ်ယောက် စေ့စပ်ထားတဲ့ လိုရီဟာဗေးနှင့် အပန်းဖြေနေတာပါ။ အီတလီနိုင်ငံရှိ ပရိုတိုဖီနိုမြို့လေးက ကမ်းခြေမှာ ဇိမ်ခံရွက်လှေနှင့် အပန်းဖြေနေကြတာပါ။ ဘယ်လိုလဲ ပရိသတ်ကြီးရေ ဒီပိုင်း ကောင်မလေး ချော လားကိတ်လားဗျ။

Hein 

သတင်းအရင်းမြစ် The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။