မြန်မာယူ18မှကစားသမားသုံးယောက်ကိုခေါ်ယူချင်တဲ့အင်တာနည်းပြ

မြန်မာယူ 18 အသင်းရဲ့သမိုင်းဝင်ပွဲအင်တာမီလန်နဲ့

ခြေစမ်းပွဲတွေအပြီးမှာစိတ်လှုပ်ရှားဖွယ်ရာတွေဖြစ်ပေါ်လာ

ပါပြီ။အင်တာမီလန်ယူ18နည်းပြချုပ်ကော်တီဟာ မြန်မာ

ယူ18အသင်းမှကစားသမား သုံးယောက်ကို ခေါ်ယူပျိုးထောင်ချင်တယ်လို့ပြောခဲ့လို့ပါပဲ။သူခေါ်ယူချင်တဲ့ကစားသမားတွေတော့

မြန်မာယူ18အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ဝင်းနိုင်ထွန်း၊ပြည့်စုံနိုင်နဲ့အသင်းခေါင်းဆောင်စိုးမိုးကျော်တို့ပါ။

မြန်မာယူ18ဟာတကယ်ကောင်းတဲ့အသင်းဖြစ်ပြီး

သူတို့သုံးယောက်ဟာလည်းသေသေချာချာပျိုးထောင်ပေးရင်ကမ္ဘာ့အဆင့်ကစားသမားတွေဖြစ်လာမှာပါ။

အင်တာမှာကစားခွင့်ရခြင်းမရခြင်းထက်

ကျွန်တော့်ဆန္ဒအရပြောရရင်သူတို့ကိုခေါ်ယူချင်တယ်။သူတို့ဟာအရမ်းကိုထက်မြက်တဲ့ကစားသမား

လေးတွေပါလို့အင်တာယူ18နည်းပြနည်းပြချုပ်ကော်တီကပြောပါတယ်။

မြန်မာကစားသမားလေးတွေဟာအင်တာနဲ့ပွဲမှာအံသြဘနန်း

ကစားခဲ့ကြပြီးသူတို့ရဲ့ထက်မြက်တဲ့အရည်အသွေးကိုမှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

လာမယ့်အနာဂါတ်မှာလည်း

ပိုမိုတောက်ပတဲ့ခြေစွမ်းတွေနဲ့ ဥရောပမိုးကောင်းကင်ကြီး

မှာတောက်ပလာနိုင်ပါစေလို့တောင်းဆုပြုရင်း..

source-MWD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။