ပြီးခဲ့တဲ့့ တနင်္ဂနွေညက အင်္ဂလန်အမှတ်ပေးဖလား ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်နှင့်ဝက်စ်ဟမ်းတို့ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်းက တိုက်စစ်ခြေစွမ်းပြမှုနှင့်အတူ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်း၏ ကစားသမားသစ်တွေဖြစ်တဲ့ မာတစ်နှင့် လူကာကူတို့က အကောင်းဆုံးခြေစွမ်းပြနို်င်ခဲ့ပါတယ်။ ထိုပွဲက ခြေစွမ်းနှင့် ပတ်သတ်ပြီး နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သူ့အမြင်ကို ထုတ်ပြောလိုက်ပါတယ်။ 

နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားကတော့ လူကာကူကို တော်တော်ချီးကျူးခဲ့ပါတယ်။ အလန်ရှီးယားက “လူကာကူက လုံးဝပြီးပြည့်စုံတဲ့ ရှေ့တန်းအထောင်တိုက်စစ်မှူးတစ်ယောက်ပါ။သူက ကြံ့ခိုင်တယ်။ သန်မာတယ်။ အသင်းဖော်တွေနှင့် ချိတ်ဆက်မှုကောင်းသလို လူကာကူရဲ့ထိချက်တိုင်းက အရည်အသွေးရှိပါတယ်။ အသက်၂၄နှစ်သာ ရှိသေးတဲ့အတွက် လာမယ့်၅နှစ်လောက်အထိ သူ့ခြေစွမ်းက အကောင်းဆုံးမှာရှိနေမှာပါ။ ဒီလို မန်ချက်စတာယူနိုင်တက်အသင်းနှင့် ကစားနေရရင်တော့ လူကာကူအနေနဲ့ ပရီးမီးယားလိဂ် ၂၅ဂိုးကနေ ၃၀ အထိ ရရှိနိုင်တယ်။”ဟု ပြောကြားမှတ်ချက်ပြုခဲ့တာပါ။

အဆိုပါ ၀က်စ်ဟမ်းနှင့်ပွဲမှာတော့ ယခုဘောလုံး အပြောင်းအရွှေ့မှာ အဲဗာတန်အသင်းကနေ ပြောင်းလာတဲ့ တိုက်စစ်မှူး လူကာကူက ခြေစွမ်းပြ ၂ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံသားလူကာကူအတွက် မန်ချက်စတာယူနိုင်တက်အသင်းက ပေါင်ရ၅သန်းပေးချေခဲ့ရတာပါ။ အသက်၂၄နှစ်သာရှိသေးတဲ့ လူကာကူက ယမန်နှစ်ကလည်း အဲဗာတန်မှာ ရွှေဖိနပ်ရလုခါနီးအထိ ဂိုးများသွင်းပေးခဲ့သူြ့ဖစ်ပါတယ်။ ယခုရာသီမှာ တော့ ပေါ့ဘာ၊ မာရှယ်၊ ရက်ဖို့ မာတာ အမ်ခီတာရန် တို့ ဆီက ထောက်ပံမှုများနှင့် ဂိုးပိုမိုသွင်းနိုင်မယ်လို့ယူဆရပါတယ်။ အလန်ရှီးယားလို လူမျိုးကပင် ထေထာက်ခံသည့် လူကာကူတစ်ယောက် ယခုနှစ် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုယူနိုင်မလားဆိုတာ စောင့်ကြည့်စရာပင်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။