၀တယ်လို့ ခံစားနေရသူ အများစုက ၀ိတ်ချ ချင်ကြပါတယ်။ ဒါပေမဲ့ ဒီလို စိတ်ကို ရေရှည် တည်တံ့ဖို့ ကြိုးစားရတာ အင်မတန် ခက်ခဲတဲ့ အလုပ်တစ်ခုပါပဲ။ ဒီလို ၀ိတ်ချချင်တဲ့စိတ်က ရေရှည်ဖြစ်ပြီး ခိုင်မြဲသွားပြီ ဆိုရင်တော့ ၀ိတ်ချနိုင်ဖို့ အရမ်းနီးစပ်နေပါတယ်။

သို့သော် ၀ိတ်ချနည်းပေါင်းများစွာ ရှိသော်လည်း မှန်ကန်သော ၀ိတ်ချနည်းမှာ အလွန်ပင် နည်းပါးလှပါသည်။

ယခုတင်ဆက်ပေးလိုတာကတော့ အခုတလော online မှာ နာမည်ကြီးနေသူလေး (ပြင်းပြတဲ့ဆန္ဒကြောင့် ပေါင် ၁၀၀ ၀ိတ်ကျခဲ့သူလေး) မသင်းယုနိုင် အကြောင်းပဲ ဖြစ်ပါတယ်။ သူမက စေတနာရှေ့ထားပြီး သူမလို ၀ိတ်ကျချင်သူများ အားလုံးအတွက် နည်းလမ်းကောင်းတွေကို အောက်ပါအတိုင်း မျှဝေခဲ့ပါတယ်။ 

သူမ ဝိတ်ချခဲ့တာဟာ ကျန်းမာချင်တဲ့ ရည်ရွယ်ချက်ဖြစ်လို့ ပိန်ဆေးလုံးဝမသောက်ဘဲဝိတ်ချခဲ့တယ်လို့ ဆိုပါတယ်။ သူမ ဝိတ်ချမယ်လို့ စဆုံးဖြတ်ဖြစ်တာကတော့ သူ့ကိုယ်သူ ဂရုစိုက်မိတဲ့အချိန်တွေမှာ ပေါင်ချိန် 270 ကျော်နေပြီး ခရီးသွားတဲ့အခါ လမ်းလျှောက်ရင် ခြေချင်းဝတ်တွေ နာစပြုလာတယ် ၊ ပြီးတော့ ဘယ်ဖက်ရင်ဘတ်လည်း နည်းနည်းအောင့်လာလို့ပါ။ ဆေးစစ်တာတော့ ဘာမှ မပေါ်သေးဘူးလို့ ဆိုခဲ့ပါတယ်။

သူမက ဝိတ်ချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကို ခိုင်မာအောင် အရင်စလုပ်ခဲ့ပါတယ်။ အနည်းဆုံး ၂နှစ် အချိန်ယူမယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်လုပ်ကြည့်လိုက်တော့ ( ၁၀ ) လကျော်ကျော်လေးနဲ့ ပထမ target ကိုပြည့်သွားလို့ အရမ်း ၊ အရမ်းပျော်ခဲ့ပါတယ်တဲ့။

ဘယ်လိုချလဲဆိုတော့ စစချတဲ့အချိန်မှာ မနက်စာစားတယ် ၊ နေ့လယ်စာစားတယ် ၊ ညစာကို ငါးသံရာပေါင်းလိုမျိုး ဥနီ ၊ ပန်းပွင့် ၊ ခရမ်းချဉ်သီးနဲ့ချဉ်စပ်ပြုတ်ပြီး ပန်းကန်လုံးအသေးလေးနဲ့ တစ်လုံးစာကို ၂ ပတ်လုံးလုံးစားပါတယ်။ နောက်ပိုင်းတွေကျတော့ မနက်စာကများသောအားဖြင့် မုန့်ဟင်းခါး အကြော်တခုနဲ့စားတယ် ။ နေ့လယ်စာကို ဟင်းတွေပဲစားတယ် ။ ထမင်းမစားဘူး ။ ဟင်းစားရင်လည်းအဆီအနှစ်တွေကိုတတ်နိုင်သလောက်လျော့စားတယ်။ သူမ အတွက်ကတော့ အရွက်တွေကိုပိုစားဖြစ်ပါတယ်။ ဝိတ်ချခဲ့တဲ့တစ်လျှောက် အစားဖြစ်ဆုံးကတော့ သင်္ဘောသီးထောင်း ၊ မုန့်တီရခိုင်သုပ်ပါ ။ နောက်ပိုင်းမှာ ညဘက်ကို ဘာမှမစားတော့ဘူး။ ရေကိုပဲများများသောက်တယ်။ BFFတွေကလည်းဝိတ်ချနေစဉ် ရေကိုသောက်နိုင်သလောက် များများသောက်ဖို့ အကြံပေးပါတယ်။

တစ်လကို ၁၀ ပေါင် target ပြည့်အောင် ချတယ်။ စစချခြင်းမှာတော့ ဘေးပယောဂတွေက အနှောင့်အယှက် တော်တော်ပေးခဲ့တယ်။ ကိုယ်က မစားတဲ့အချိန်မှာ ကိုယ့်မိသားစုတွေက ဝိုင်းဖွဲ့စားသောက်နေကြတယ်။ ဒါကို မြင်နေရတယ် ၊ ကြားနေရတယ်။ ဒီအာရုံကိုဖြတ်ဖို့ဆိုရင် မမြင်အောင်နေရတယ်။ အဲ့လိုဖြစ်တဲ့စိတ်ကို လုံးဝထိန်းချုပ်လိုက်ရင် ခဏပဲထိန်းချုပ်လို့ရနိုင်ပါတယ်လို့ ဆိုပါတယ်။

အချိန်အကြာကြီးမထိန်းချုပ်နိုင်တဲ့အတွက် ဒီတခါတော့ စားလိုက်ပါ့မယ်လေလို့ ဆုံးဖြတ်လိုက်တာနဲ့ ပုံမှန်ထက်ပိုပြီးစားဖြစ်သွားလို့ ရည်ရွယ်ချက်လေးတွေ ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် သူမကတော့ စားချင်တာမှန်သမျှကို မနက်နဲ့ နေ့လည်မှာပဲစားတယ်။ စားတဲ့ပမာဏကိုပဲအဓိကထိန်းချုပ်ခဲ့ပါတယ်။

အစားအသောက် ဆင်ခြင်ရုံအပြင် နောက်ထပ် ဘာလုပ်လဲဆိုရင် လမ်းလျှောက်တယ် ၊ ပြေးလမ်းစက်မှာလည်းလမ်းလျှောက်သလို အပြင်မှာလည်းလမ်းလျှောက်ဖြစ်တယ်။ အရင်တုန်းက နီးတဲ့နေရာတွေတောင် ကားမောင်းပြီးသွားရာကနေ လမ်းလျှောက်ပြီးပဲ သွားတော့တယ်။ အစာစားပြီးတိုင်း ၁၀ မိနစ်လောက် လမ်းလျှောက်ပြီးမှထိုင်တယ်။

စစချခြင်းမှာ အစားလျော့တာက ခက်ပေမယ့် ဝိတ်ကျမှုက မြန်တယ်။ ၁ လ ၁၀ ပေါင် ကျတယ်။ တဖြေးဖြေးနဲ့ ညစာမစားတာတွေ ၊ နေ့လယ်ထမင်းမစားတာတွေကကျင့်သားရလာတယ်။ ဒါပေမယ့်၂ လ ၃ လ ရောက်တော့ ဘာဖြစ်လာလဲဆိုတော့ ဝမ်းသွားရတာ ပြဿနာတက်လာတယ်။ အစားအရမ်းလျော့စားတော့ သွားစရာကသိပ်မရှိတော့ဘူး။ အဲ့ဒါနဲ့ ဝမ်းလွယ်လွယ်နဲ့ အူရှင်းမယ့်နည်းကို စဉ်းစားရတယ်။ အဲ့ဒါနဲ့ သဘာဝနည်းဖြစ်တဲ့ ကျွဲကောသီးနဲ့ ဇီးသီးအနှစ်ကို စသုံးဖြစ်တယ်။ ညဘက်ရုံးက ပြန်လာရင် ကျွဲကောသီး ( သို ့မဟုတ် )ဇီးသီး အနှစ်ဖျော်ရည်သောက်ဖြစ်တယ်။ ဒီနေ့အထိလဲ စားသုံးဖြစ်နေတယ်။ ဒါကြောင့် အလေးသွားတဲ့ကိစ္စလဲ သဘာဝနည်းအတိုင်းပဲ။

ညစာမစားတာကြာလာတော့ အားနည်းနည်းလျော့လာတယ်။ အဲ့တော့အားဆေးအနေနဲ့ သဘာဝ ပန်းဝတ်မှုန်ကထုတ်တဲ့ PollenForte ကိုအိပ်ခါနီး ၂လုံးသောက်တယ် ။ အဲ့တော့ ဝိတ်ချပေမယ့် အားအင်အပြည့်နဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်တယ်။ လမ်းများများလျှောက်နိုင်တယ်။ စစချင်း၂ လ ၊ ၃ လ မှာ ပေါင် ၃၀ လောက် ဝိတ်စကျတာကို ဘယ်သူမှသတိမထားဖြစ်ကြဘူး။ ပေါင်ချိန်ကကျပေမယ့် အမြင်မှာ သိပ်မပြောင်းလဲသေးဘူးလေ။ ဒါပေမဲ့ အတွင်းခံအကျႌတွေ ပြန်သီနေရပြီ။ ဘောင်းဘီ size တွေ ပြောင်းသွားပြီ။ ဒါပေမယ့် ဘေးလူတွေဆီက “ဟယ် ! နင်ပိန်သွားပါလား” ဆိုတာကို ဘယ်သူမှမပြောသေးဘူး လို့ ဆိုပါတယ်။ 

နောက်ထပ် ပိုကောင်းတဲ့ ဖန်တီးမှုက ၄ လမြောက်မှာ သူမရဲ့ ညီမတွေပေါင်းပြီး Yoga Teacher နဲ့ စဆော့ဖြစ်တယ်။ ပုံမှန်လမ်းလျှောက်နေကျဆိုတော့ အကြောကတော့ပျော့တယ်။ ဒါပေမယ့်ဝနေတော့ တချို့အကွက်တွေမှာ လက်မမှီတာတွေ ၊ အောက်ပိုင်းလေးတာတွေ အများကြီးကြုံခဲ့ရတယ်။ ဒါပေမဲ့ အခုထိဆက်လုပ်ဖြစ်တယ်။ ဖြေးဖြေးမှန်မှန်နဲ့ကိုယ့် target ကို ကိုယ့်မျက်စိရှေ့မှာပဲထား ထားတယ်။ ဆရာမကလည်း တော်တော်လေးကိုမောင်းပေးခဲ့တယ်။ Yoga ကစားတာလည်း ဝိတ်ကျဖို့အတွက်ရယ် ၊ အသားကျစ်ဖို့ရယ် ၊ တော်တော်ကြီးကို အထောက်အကူဖြစ်ခဲ့တယ်။ ကစားတာရော ၊ အစားလျော့တာရော ကျင့်သားရလာခဲ့တယ်။ တစ်ခါတစ်လေ ပွဲတွေဘာတွေရှိလို့ ပိုစားမိရင် နည်းနည်းပျို့ချင်လာတယ်။ အစားက ကိုယ့် limit ထပ်မပိုနိုင်တော့ဘူး။ စိတ်ကိုလဲ အဲ့နေရာမှာပဲ ထိန်းထားတယ်။

၅ လ ၊ ၆ လ ကြာတော့ လူတွေပိုသတိထားမိလာတယ်။ ၉ လ ၊ ၁၀ လ ကြာတဲ့ အချိန်မှာ ပေါင် ၁၀၀ တောင် ကျသွားပြီဆိုတော့ ပိုပို ပြီး သတိထားမိလာကြတယ်။ အခုဆိုရင်လည်း သူမကို Fatty လို့ ချစ်စနိုးနဲ့ ခေါ်ခဲ့ရင်တောင် ဘာလို့ဒီလိုခေါ်ကြတာလဲမေးရင် ဒီအကြောင်းကို ဖြေသွားမှာပါလို့လည်း ပြောခဲ့ပါတယ်။

အခုလည်း သူမကိုကြည့်ပြီး “သူ့လို ပေါင်၂၇၀ ကျော်ကြီးကတောင် ရအောင်ဝိတ်ချနိုင်တာ ၊ ငါလည်းရအောင်လုပ်မယ်” ဆိုတဲ့အတွေးနဲ့ လိုက်ပြီး ဝိတ်ချနိုင်မယ်ဆိုရင် အားလုံးကျန်းမာရေးကောင်းပြီး ပိုပြီးလှပလာကြမှာပါ လို့ တိုက်တွန်းခဲ့ပါသေးတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။