ပြီးခဲ့တဲ့ တနင်္ဂနွေညက အင်္ဂလန်အမှတ်ပေးဖလား ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်နှင့်ဝက်စ်ဟမ်းတို့ကစားခဲ့ကြပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်းက တိုက်စစ်ခြေစွမ်းပြမှုနှင့်အတူ ၄-၀ ရလဒ်ဖြင့် အနိုင်ယူကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် အသင်း၏ ကစားသမားသစ်တွေဖြစ်တဲ့ မာတစ်နှင့် လူကာကူတို့က အကောင်းဆုံးခြေစွမ်းပြနို်င်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက် ပရိသတ်တွေကလည်း မာတစ်နှင့်လူကာကူခြေစွမ်းကို အားရခဲ့ပါတယ်။ 

အဆိုပါ ပွဲစဉ်မှာ ယခုနှစ်မှခေါ်ယူထားတဲ့ လင်ဒီလော့ဖ်ကတော့ အရံခုံမှာတောင်မပါ၀င်လာပါဘူး။ နောက်ခံလူ လင်ဒီလော့ဖ်ကို မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ဘင်ဖီကာမှ ပေါင်သန်း၃၀နှင့်ဝယ်ယူထားခဲ့တာပါ။ သို့သော် မာတစ်နှင့် လူကာကူတို့ကဲ့သို့ ကစားသမားအသစ်များက ပွဲကစားခွင့်ရခဲ့သော်လည်း လင်ဒီလော့ဖ်က မပါခဲ့ရတာပါ။ ပြီးခဲ့တဲ့ စူပါဖလားဗိုလ်လုပွဲအဖြစ် ရီးရဲမက်ဒရစ်နှင့် ပွဲမှာတော့ လင်ဒီလော့ဖ် ပွဲထွက်ခွင့် ရခဲ့ပါတယ်။

မော်ရင်ဟိုက လင်ဒီလော့ဖ်မပါတာနှင့်ပတ်သတ်၍ “ရီးရဲမက်ဒရစ်နှင့်ပွဲကတော့ လင်ဒီလော့ဖ်အတွက် စောသွားခဲ့တယ်ဗျ။ ဖီဂျုံးနှင့်ဘိုင်လီက ပွဲပယ်ထိထားတယ်လေ။ မာတစ်နှင့်လူကာကူကတော့ ပရီးမီးယားလိဂ်နှင့် အတွေ့အကြံုရှိပြီးသားဗျ။ ကျွန်တော် ချယ်ဆီးမှာ ကာဗယ်ဟိုကို ခေါ်တုန်းက ချက်ချင်းမကစားခိုင်းဘူး။ ပရိးမီးယားလိဂ်နှင့်မရင်းနှီးသေးလိုလေ။ အခုလဲ လင်ဒီလော့ဖ်ကို ဒီလိုပဲဗျ။ လင်ဒီလော့ဖ်က နောက်ကျရင် ပရီးမီးယားလိဂ်မှာ အောင်မြင်လာမှာပါ။”

Hein (Mg Lu Aye) 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။