သင်နေထိုင်တဲ့သင့်ပတ်ဝန်းကျင်မှာ အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်း ဆိုတာလူတိုင်းရှိမှာပါ။ထိုအခါ ခင်မင်လိုပဲဖြစ်ဖြစ်၊ ရင်းနှီလို့ပဲဖြစ်ဖြစ် မိမိအသုံးပြုတဲ့ပစ္စည်းတွေကိုတော့ ခနခန ဌားသုံးမိမိကြမှာပါ။အဲလိုပစ္စည်း ဌားသုံးခြင်းကြောင့်ဆိုးရွားတဲ့ ရောဂါဘယတွေခံစားရပါတောတယ်။လူတစ်ယောက်ရဲ့သွားတိုက်တံ တစ်ခုတည်းမှ မဟုတ်ပါဘူး တခြားအရာတွေလည်းဌားသုံးရန် မသင့်ပါဘူး။လူတော်တော်များများက ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့စိတ်နဲ့ ဌားသုံးမိပြီဆိုရင်တော့ နောက်ဆက်တွဲပြဿာနာတွေကို မိိမိကိုယ်တိုင်ခံစားရမှာပါ။

ဒါကြောင့် မိမိ၏ပစ္စည်းတွေကိုတခြားသူနှင့် မျှဝေမသုံးစွဲသင့်တဲ့ပစ္စည်း (၈) မျိုးကိုဖော်ပြပေးလိုက်ရပါတယ်။

၁။ * နားကျပ် *

နားကျပ်ဟာဆိုရင် ယခုခေတ်လူသုံးများလာတဲ့ပစ္စည်းတစ်ခုပါ။စမတ်ဖုန်း သုံးလာတဲ့လူတော်တော်များမှာ နားကျပ်ဆိုတာလဲတွဲပါလာစမြဲပါ။ယင်းနားကျပ်ဖြင့် သီချင်းနားထောင်ခြင်း၊ဗီဒီယိုကြည်ခြင်း၊လေဒီယိုနားထောင်ခြင်း ဖုန်းပြော ခြင်းတွေနဲ့တွင်ကျယ်စွာအသုံးပြုလာကြပါတယ်။အဲလို့အသုံးများလာလေလေ ဂရုစိုက်မှုအားနည်းလာတာကို မိမိပတ်ဝန်းကျင်မှာတွေ့မြင်ကြရမှာပါ။လူတစ်ယောက်စီတိုင်းရဲ့နားဟာ ဘက်တီးရီးယားပိုးများ များစွာရှိတတ်ပါတယ်။ဒါကြောင့် သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊မိတ်ဆွေနဲပဲဖြစ်ဖြစ် ချစ်သူခင်သူတွေနဲပဲဖြစ်ဖြစ် နားကျပ် မျှဝေသုံးစွဲမယ်ဆိုရင်တော့ ဘက်တီးရီယားပိုးအချင်းချင်းကူစက်ပြီး နားကိုလည်းရောဂါကူစက်နိုင်ပါတယ်။မလွဲသာမရှောင်သာ မျှဝေသုံးစွဲမယ်ဆိုရင်တောင်မှ ဌားပြီးတိုင်းအမြဲသန့်ရှင်းမှရမှာပါ။ဒါကြောင့်သုံးစွဲတော့မယ်ဆိုရင်လဲ ပိုးသတ်ဆေးသုတ်ထားဂွမ်းနဲ့ တစ်ပတ်တစ်ခါလောက် သုံးစွဲပေးပါ။ပိုးသတ်ဆေးကိုလဲ နားစည်မထိခိုက်စေရန်အတွက် အများကြီးမသုံးပဲ သင့်တင့်ရုံသာ ဆေးကြေားပေပါ။

၂။ * မျက်နှာသုတ်ပဝါ၊ကိုယ်သုတ်ပဝါ *

မျက်နှာသုတ်ပဝါ ပဲဖြစ်ဖြစ် ကိုယ်သုတ်ပဝါပဲဖြစ်ဖြစ် သင့်ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ရေများကို စုပ်ယူပေးခြင်းကို လုပ်ဆောင်ပါတယ်။သင့်က ကျမ်းမာရေးကောင်းမွန်သည်ရှိသော်လည်း ပဝါများက ရေသုတ်ပြီးသောအခါ စိုထိုင်းမှုကြောင့် ဘက်တီးရီယားများကိုပေါက်ဖွားစေပါတယ်။ကျမ်းမာရေး အကြံပေးများကတော့ ပဝါတစ်ထည်ကို ၃၊၄ ရက်တစ်ကြိမ် လဲပေးသင့်ပါတယ်လို့အကြံပြုထားပြီး မလဲပေနိုင်ရင်တောင်မှ သုတ်ပြီးသောပဝါများကို ခြောက်သွေအောင် နေရောင်ရသောနေရာများတွင်ထုတ်လှမ်းပေးထားပါလို့ အကြံပြုထားပါတယ်။

၃။ * နှုတ်ခမ်းနီ *

မိန်းကလေးတော်တော်များများကတော့ ဒီလိုအကျင့်လေးရှိကြမယ်ထင်ပါတယ်။တစ်ယောက်နှင့်တစ်ယောက် နှုတ်ခမ်းနီကို သူဆိုးလိုက်ငါဆိုးလိုက်နှင့် မိန်းကလေးသူငယ်ချင်းအချင်းချင်းလုပ်မိကြပါလိမ့်မယ်။အချင်းချင်းပေးဆိုးလိုက်တာက ဘာမှမဖြစ်ပေမဲ့ ရေယုန်ကဲ့သို့သော ရောဂါများဟာ နှုတ်ခမ်းမှတဆင့်ကူးစက်နိုင်ပြီး ရေယုန်လက္ခာမပြသေးပေမဲ့ နှုတ်ခမ်း၊အချွဲအကျိနဲ့ တံတွေးတို့ မှာဗိုင်းရပ် ပိုးရှိနိုင်ပါသေးတယ်။ရေယုန် ကူးစက်ခံရတယ်ဆိုရင်တော့ ကိုယ်ဆိုးနေတဲ့နှုတ်ခမ်းနီကို ပစ်သင့်ပါပြီ။သင့်နှုတ်ခမ်းမှာ ဗိုင်းရပ်ပိုးများနဲ့ အညစ်အကြေးများမရှိချင်ဘူးဆိုရင်တော့ သန့်ရှင်းတဲ့ တစ်ရူးနဲ့ နှုတ်ခမ်းနီရဲထိပ်ပိုင်းငိုအုပ်ဖုံးထားပြီး အချိန်မြန်မြန်လဲပေးသင့်ပါတယ်။ 

၄။ချိုင်းလိမ်းဆီ၊ချွေနံ့ပျောက်ဆေး

ချိုင်းလိမ်းဆီတွေနဲ့ ချွေးနံ့ပျောက်ဆေးတွေမှာ ဘက်တီရီးယားပိုးသက်ပေးနိုင်သော အာနိသင် ပါ၀င်သော်လည်း အရေပြားနဲ့ထိတွေနေ့ရတဲ့အတွက် ဘက်တီးရီယားပိုးကတော့ ရှိကောင်းရှိနေနိုင်ပါတယ်။ဒါကြောင့် ချိုင်းလိမ်းဆီများ သုံးတော့မယ်ဆိုရင်တော့ ရေချိုးပြီးချိန်သုံးတာ သင့်အတွက်အကောင်းဆုံးပါ။နေ့တစ်ဝက်လောက်မှသုံးမယ်ဆုရင် တစ်ရူးသန့်သန့်ဖြင့်သုတ်လိမ်းပြီးမှသုံးတာကောင်းပါတယ်။

၅။ လက်သည်းဆိုးဆေးများနှင့်အလှကုန်အသုံးအဆောင်ပစ္စည်းများ

လက်သည်းဆိုဆေးနှင့် ဇာဂနာ၊လက်သည်းညှပ်၊နာဖာကလော်၊ဘလိပ်စားနှင့် ဘီးစိတ် များကို သင့်တစ်ကိုရေသာ သုံးစွဲသင့်ပါတယ်။ဒီပစ္စည်းတွေဟာ ခန္ဓာကိုယ်ရဲ့ ဘက်တီရီးယားအများဆုံးရှိတဲ့နေရာတွေမှာ အသုံးပြုကြလို့ သင့်မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေအများကြီးရှိနေတတ်ပါတယ်။မနေသာလို မျှဝေသုံးစွဲမယ်ဆိုရင်တောင် ပိုးသတ်ဆေးဖွင် ဆေးကြောသန့်စင်ပြီးမှသာ သုံးစွဲသင့်ပါတယ်။

၆။ မျက်နှာသန့်ရှင်းရေး ပစ္စည်းများ

မိတ်ကပ်လိမ်ူရင် သုံးစွဲတဲ့ရေမြှပ်တွေ၊မျက်မှာသန့်ရှင်းရေး ဘရပ်ရှ်တွေကအစပိုင်းမှာတော့ သန့်ရှင်းသလိုရှိပေမဲ့ သုံးစွဲတာကြာလာရင်တော့ ဘက်တီရီးယာ.များစုပုံလာပါတော့တယ်။မျက်နှာမှာ သုံးစွဲရတဲ့အတွက် မျက်ကိုခြောက်သွေ့စေနိုင်ပြီး ၀က်ခြံတွေလဲဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် သင်ရေမြှပ်ကို သုံးစွဲပြီတိုင်း ဆပ်ပြာဖြင့်သေချာဆေးကြောသင့်ပြီး ၂ လ၊၃ လ အကြာဆို ပုံမှန်လဲပေးသင့်ပါတယ်။

၇။ အိမ်တွင်းဝတ်သည့်ဖိနပ်များ

အိမ်တွင်းစီးဖိနပ်များကို အသုံးပြုမယ်ဆိုရင်တော့ အသင့်အတွက်သက်သက်တစ်ရန်ထားသင့်ပါတယ်။အိမ်ကိုဧည်သည်လာတယ်ဆိုရင်လဲ တစ်ရံထားပေးတာ ပိုကောင်းပါတယ်။ဖိနပ်ဝတ်ဆင်တဲ့အခါ လူတိုင်းခြေဆီပြန်ကြပါတယ်။ခြေဆီပြန်တာဆိုရင် မှိုပေါက်ဖွားစေဖို နေရာတစ်ခုလိုဖြစ်နေတတ်ပါတယ်။သင့်အနေနဲ့ ခြောက်လ တစ်ကြိမ်လောက်လဲပေးသင့်ပြီး တစ်ပတ်တစ်ခါလောက် ပိုးသတ်နိုင်တဲ့ ရှာလကာရည်ကဲ့သိုသောအရည်များဖြင့် ပုံမှန်ဆေးကြောပေးသင့်ပါတယ်။

၈။ ဆံပင်ကောက်ဘီးလိပ်များ

ဘီးနှင့်ဆံပင်ကောက်လိပ်တွေကို လူတွေက အများဆုံးမျှဝေသုံးစွဲကြပါတယ်။သိုပေမဲ့ သန်းများနဲ့မှိုများရှိနေတဲ့အတွက် ဦးရေးနဲ့ထိတွေရတဲ့မည်သည့် အသုံးအဆောင်မဆို မျှဝေ မသုံးစွုသင့်ပါဘူး။မလွဲသာလို သုံးမယ်ဆိုရင်တောင် ဆပ်ပြာနဲ့အရင်ဆုံးဆေးကြောပေးပြီးမှသုံးစွဲသင့်ပါတယ် 

သတင်းအရင်းမြစ် Yo YarLay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။