နာမည်ကျော် Comic ဇာတ်ကောင်တစ်ဥိးဖြစ်တဲ့ Deapool အနေနှင့် ယမန်နှစ်က ရုပ်ရှင်ကားထွက်ရှိခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်ကားအနေဖြင့် ၀က်ဝက်ကွဲ အောင်မြင်ခဲ့ပါတယ်။ ယခုအခါမှာတော့ Deadpool 2 ကိုဆက်လက်ရိုက်ကူးလျက်ရှိပါတယ်။ Deadpool 2 ၏ ရုပ်ရှင်ဇာတ်ကွင်းမှာ ကံမကောင်း အကြောင်းမလှစွာနဲ့ အက်ဆီးဒန့် မတော်တဆဖြစ်ခဲ့ပါတယ်။ မတော်တဆမှုမှာ အမျိုးသမီးစတန့်သရုပ်ဆောင်တစ်ယောက် သေဆုံးခဲ့ပါတယ်။ 

သေဆုံးခဲ့တဲ့ အမျိုးသမီး၏နာမည်က ဟာရစ်ပဲဖြစ်ပါတယ်။ ဟာရစ်က ပရော်ဖက်ရှင်နယ်ဆိုင်ကယ်ကားမောင်းကျွမ်းကျင်သူတစ်ဦး ဖြစ်ပါတယ်။ ယခု Deapool 2 ရုပ်ရှင်ကားက သူမ ပထမဆုံး စတန့်သရုပ်ဆောင်အဖြစ် ပါ၀င်သရုပ်ဆောင်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ပထမဆုံး အာဖရိကနှင့်အမေရိကန် သွေးစပ်ထားတဲ့ ပရော်ဖက်ရှင်နယ်ဆိုင်ကယ်ကားမောင်းကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမအနေဖြင့် ယခုရုပ်ရှင်ကားမှာ ပါ၀င်တဲ့ Domino ရဲ့အခန်းကို လေ့ကျင့်ရင်းသေဆုံးခဲ့ရတာပါ။

သူမက ယခုDeapool 2မှာ Domino အဖြစ် စတန့်နေရာကနေ တာဝန်ယူထားပါတယ်။ သက်သေတွေရဲ့ ပြောချက်အရ သူမအနေဖြင့် ဆိုင်ကယ်ကို ထိန်းချုပ်တာ လွတ်သွားရာကနေ ပြတင်းပေါက်ကမှန်တွေနဲ့ ထိခိုက်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့ဇာတ်ကောင်အနေနှင့် ရုပ်ရှင်ထဲမှာ ဆိုင်ကယ်စီးဦးထုပ် မဝတ်တဲ့အတွက် ဟာရစ်အနေနှင့် သေဆုံးချိန်မှာ ဆိုင်ကယ်စီးဦးထုပ် မဝတ်ဆင်ထားကြောင်း သိရှိရပါတယ်။ ယခုလို ဟာရစ်သေဆုံးခဲ့တဲ့အတွက် Deadpool အဖြစ်သရုပ်ဆောင်တဲ့ မင်းသား Ryan Reynolds နှင့် ဒါရိုက်တာ David Leitch တို့က ၀မ်းနည်းစိတ်မကောင်းကြောင်း ပြောဆိုခဲ့ကြပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။