ဘာစီလိုနာအသင်းရဲ့ကွင်းလယ်ကစားသမား ရော်ဘတ်တိုကို စာချူပ်ပါ လျော်ကြေးငွေ ပေါင် ၃၆.၅ သန်းနဲ့ခေါ်ယူဖို့ မန်ယူအသင်းက အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။ 

မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းကပါ စိတ်ဝင်စားနေတဲ့ ရော်ဘတ်တိုကို လက်ဦးမှုရယူပြီးခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့ ရော်ဘတ်တိုကို ခေါ်ယူဖို့ စပိန် SUPER CUP ပြိုင်ပွဲပြီးဆုံးတဲ့အချိန် မှာ အကောင်အထည်ဖော်ဖို့လည်းရှိနေတာဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းမှာ ပုံမှန်နေရာအတွက် ရုန်းကန်နေရဖို့ ရှိနေတာကြောင့် ရော်ဘတ်တိုဟာ မန်ယူကိုပြောင်းရွှေ့ကစားဖို့ မျက်စီကျနေတာလည်းဖြစ်ပါတယ်။မန်ယူ အသင်းဟာ ရော်ဘတ်တိုကိုခေါ်ယူသွားနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

SOURCE - MIRROR

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။