ထိုင်းကိုအနိုင်ကစားမည့်မြန်မာအမျိ ုးသမီးအသင်း

ဒီနေ့နေ့လည် 2:30မှာ မြန်မာအမျိုးသမီးအသင်းဟာ

ခါးသီးပြိုင်ဘက်ထိုင်းအမျိုးသမီးအသင်းနဲ့ယှဉ်ပြိုင်သွားရမှာပါ။

ပထမဆုံးရွှေတံဆိပ်အတွက်မြန်မာအသင်းသားအားလုံးစိတ်အားထက်သန်နေကြပါပြီ။

အသင်းအနေနဲ့အရင်ကထက်အများကြီးတိုးတက်လာပြီးအသင်းအားလုံးကိုအနိုင်ရဖို့ကြိုးစားသွားမယ်လို့မြန်မာဂိုးသမား

မြဖူးငုံကကြုံးဝါးထားပါတယ်။

ဒီနေ့ထိုင်းအသင်းနဲ့ပွဲမှာလည်းမြန်မာအသင်းဟာထိုင်းကိုအနထိုင်းကိုအနိုင်ရအောင်ကန်မယ်

ဆိုတာသံသယဝင်စရာမရှိပါဘူး။

ထိုင်းဟာလက်ရှိချန်ပီယံဖြစ်ပေမယ့်လည်းထိုင်းနဲ့ပွဲမှာအကောင်းဆုံးကြိုးစားကစားမှာဖြစ်ပြီး

အနိုင်ရဖို့လည်းယုံကြည်နေပါတယ်လို့မြန်မာအမျိုးသမီးခေါင်းဆောင်ခင်မာလာထွန်းက

ကြုံးဝါးလိုက်ပြန်ပါတယ်။ြ

မြန်မာတစ်သင်းလုံးဟာ

ထိုင်းကိုအနိုင်ယူဖို့စိတ်အားထက်သန်နေကြတာတွေ့ရပြီးနည်းပြကြီးဘရန်ဒန်ရော်ဂျာအနေနဲ့လည်း

ဒီဆီးဂိမ်းဟာသူ့ရဲ့ပထမဆုံးဆီးဂိမ်းပွဲဖြစ်ပြီးသူ့အနေနဲ့အကောင်းဆုံးယှဉ်ပြိုင်သွားမယ်လို့ကတိပေးသွားပါတယ်။

မြန်မာအမျိုးသားဘောလုံးအသင်းကတာဝန်ရှိသူတွေကလည်းမြန်မာအမျိုးသမီးအသင်းကိုသွားအားပေးကြမှာပါ။

မလေးရှားကပရိသတ်တွေကလည်းမြန်မာအမျိုးသမီးအသင်းကိုအားပေးဖို့အသင့်ဖြစ်နေကြပါပြီ။

မနေ့ကအမျိုးသားတွေလိုပဲမြန်မာအမျိုးသမီးတွေအောင်ပွဲခံနိုင်မလားဆိုတာကိုတော့..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။