လှပဖြူဖွေးတဲ့သွားလေးတွေကို လူတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါ့ကြောင့် လူသိများပြီး လွယ်ကူသော အိမ်တွင်းကုထုံးလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သော ပစ္စည်း

- သံပရာရည် (လက်ဖက်စားဇွန်း ၁ ဇွန်း)

- Baking Soda (လက်ဖက်စားဇွန်း ၁ ဇွန်း)

အသုံးပြုပုံ

ထိုနှစ်ခုအား ရောသမအောင် မွှေပေး၍ သွားများကို ပွတ်တိုက်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကြွေသွားများကို ဖြူဖွေးစေပြီး သွားများကိုလည်း သန့်ရှင်းတောက်ပြောင်စေမှာ ဖြစ်ပါတယ်။

ဒီလို အိမ်တွင်းကုထုံးကို အနည်းဆုံး ၃လမှ တစ်ခါမှသာ ပြုလုပ်ပေးသင့်ပါတယ်။ ခဏ ခဏ ပြုလုပ်ပေးမယ်ဆိုရင် ဆိုးကျိုးများ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို လုပ်တာတောင် တစ်ချို့က မဖြူဘူးဆိုရင် ဆက်လုပ်ပေးဖို့ မသင့်တော်ပါဘူး။ ထို့ကြောင့် သွားဖြူဖို့ တခြားနည်းလမ်းလေး ပြောင်းပါ။ ကြွေသွားတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။

အခြားသော နည်းလမ်းများအနေဖြင့် ၆ လတစ်ကြိမ်လောက် သွားဆေးခန်းမှာ သွားရောက်ပြီး whitening လုပ်လည်း ရပါတယ်။ အခြားသော အိမ်တွင်းကုထုံးနည်းလမ်းလေးတွေနဲ့လည်း သွားဖြူအောင် ပြုလုပ်လို့ရပါတယ်။ နောက်တစ်ခုက သွားကို နည်းလမ်း မှန်ကန်စွာ ပုံမှန်တိုက်ပေးပြီးတော့လည်း သွားဖြူအောင် ဂရုစိုက်လို့ ရပါတယ်။

သွားတွေ ဘာကြောင့်ဝါရတာလဲ ???

အဓိက ကတော့ နေ့တိုင်း စားသောက်နေတဲ့ အစားအသောက်ထဲမှာ သွားအရောင်ကို ပြောင်းလဲစေနို်င်တဲ့ အစားအသောက်တွေ အများကြီးပါတယ်။ အထူးသဖြင့် အအေး၊ ကော်ဖီ၊ လက်ဖက်ရည် (အရောင်ပါတဲ့ အရည်) ကို သောက်သုံးခြင်းဖြင့် အရောင်ပြောင်းလဲဖို့ ရှိပါတယ်။

သွားကျန်းမာရေးကောင်းဖို့ ဘာတွေ ပြုလုပ်ရမလဲ ???

သွားကျန်းမာရေးကောင်းဖို့ကတော့ တစ်နေ့ ၂ကြိမ် သွားတိုက်ခြင်းက အကောင်းဆုံးပါပဲ။ Fluoride ပါ၀င်တဲ့ သွားတိုက်ဆေးတွေကို အသုံးပြုစေချင်ပါတယ်။ နောက်တစ်ခုကတော့ အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ ဒါဆိုရင် စားထားတဲ့ အရောင်တွေက သွားရဲ့ ကြွေမှာ ကျန်ခဲ့မှုနှုန်းက နည်းပါး ပါလိမ့်မယ်။ သွားတိုက်တံကိုလည်း အရမ်းကြမ်းတဲ့ သွားတို်က်တံကို ရှောင်ပြီး မိမိသွားနှင့် သင့်တော်သော ပုံမှန် သွားတို်က်တံကိုသာ ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်

ကြွေသွားအရောင်ပြောင်းလဲတာကို သွားအရောင်ပြောင်းတယ်လို့ပဲ သတ်မှတ်ကြပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်တာမျိုး၊ ပိုးသတ်ဆေးသောက်ရတာမျိုး အဲ့လို အချိန်တွေမှာ သွားကြွေရောင်တွေက ပြောင်းလဲ တတ်ပါတယ်။ ရေမှာ ထုံးဓာတ် များလွန်းရင်လည်း သွားအရောင်တွေ ပြောင်းလဲတတ်ပါတယ်။ ကွမ်းစားတဲ့သူတွေ၊ အရောင်ပါသော အရည်များကို မကြာခဏ သောက်ဖြစ်တဲ့သူတွေ အနေနဲ့လည်း ကြွေသွားများ ပျက်စီးလွယ်ပြီး အရောင်ပြောင်းနိုင်ပါတယ်။ သွားထဲမှာရှိတဲ့ အကြောတွေ ပုပ်သွားတဲ့အခါမှာလည်း သွားတွေက သိသိသာသာ မဲလာ၊ ညိုလာတာမျိုး ဖြစ်လာတတ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။