ပရီးမီးယားလိဂ်ရဲ့ဝါရင့် ကွင်းလယ်လူတစ်ယောက်ဖြစ်တဲ့ အဲဗာတန်အသင်းရဲ့ကစားသမား ဂါရတ်ဘယ်ရီ ဝက်ဘရွန်းအသင်းကိုပြောင်းရွှေ့ဖို့ ဆေးစစ်မှုခံယူတော့မှာလည်းဖြစ်ပါတယ်။ဘယ်ရီဟာ ကစားသမားဘဝကို ပရီးမီးယားလိဂ်မှာသာ ကျင်လည်ကစားခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘယ်ရီဟာ ကစားသမားဘဝကို အက်စတွန်ဗီလာအသင်းနဲ့စတင်ခဲ့ပြီး မန်စီးတီး ၊ အဲဗာတန် အသင်းတို့မှာ ကစားခဲ့တာလည်းဖြစ်ပါတယ်။ဘယ်ရီဟာ ၂၀၁၄ ခုနှစ်မှာ မန်စီးတီး အသင်းကနေ အဲဗာတန်အသင်းကိုပြောင်းရွှေ့လာခဲ့ပြီး ၃ နှစ်တာ ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဘယ်ရီဟာ အဲဗာတန်အသင်းအတွက် ၃ နှစ်တာကာလအတွင်း ပွဲပေါင်း ၁၅၅ ပွဲကစားခဲ့ကာ ၅ ဂိုးသွင်းယူထားပြီး ၁၂ ဂိုးဖန်တီးပေးထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဘယ်ရီဟာ မနက်ဖြန် ဝက်ဘရွန်းအသင်းနဲ့ ဆေးစစ်မှုခံယူသွားမှာလည်းဖြစ်ပါတယ်။

SOURCE - FOOTBALL TRANSFER NEWS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။