မန်ချက်စတာယူနိုင်တက် အသင်း၏ ကွင်းလယ်လူ ပေါ့ဘာက မန်ချက်စတာယူနိုင်တက် လျှောက်လှမ်းရမည့် လမ်းစဉ်ကို ပြောကြားခဲ့ပါတယ်။ ပြင်သစ်သားက မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် အောင်မြင်မှုများကို ဆွတ်ခူးနိုင်ဖို့ လိုအပ်တယ်လို့ ပြောခဲ့တာပါ။ ယခုလို ဆွတ်ခူးနိုင်မှသာ မန်ချက်စတာယူနိုုင်တက် အသင်းအနေဖြင့် အရင်လို အင်အားကြီးအသင်းပြန်ဖြစ်နိုင်မယ်။ ဒါမှသာ အင်အားကြီးနိုင်မယ်လို့ ပေါ့ဘာက ပြောကြားခဲ့တာပါ။ 

မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ဖာဂူဆန် အငှားယူကတည်းက အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်လက်ထက်မှာ အသင်းက တော်တော် အခက်တွေ့ခဲ့ပါတယ်။ ဗန်ဟားလက်ထက်မှာတော့ ဒုတိယရာသီမှာ မန်ချက်စတာယူနိုင်တက် အနေဖြင့် မရတာကြာပြီဖြစ်တဲ့ FA ဖလားကိုရရှိခဲ့ပါတယ်။ ယမန်နှစ်မှာတော့ နာမည်ကျော် နည်းပြ မော်ရင်ဟို ရောက်လာတဲ့ နောက်မှတော့ အသင်းဟာ လမ်းကြောင်းပေါ် ပြန်တက်လာပါတယ်။

မော်ရင်ဟိုက ထိုစဉ်က ပေါ့ဘာကို ဂျူဗင်တပ်ကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ပြန်လည် ခေါ်ယူခဲ့တာပါ။ ပေါ့ဘာရောက်လာတဲ့နှစ်မှာတော့ မန်ချက်စတာယူနိုင်တက်အသင်းက ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုရာသီစမှာတော့ မန်ချက်စတာယူနိုင်တက်က ၀က်စ်ဟမ်းကို အနိုင်ယူကာ ပရီးမီးယားလိဂ်အဆင့်တစ်ကို ဆွတ်ခူးထားပါတယ်။ ဒါ့ကြောင့် ပေါ့ဘာက “အောင်မြင်တဲ့ရာသိီဆိုတာ ဘာလဲဆိုတော့ အရာအားလုံးကိုအနိုင်ရဆွတ်ခူးတဲ့နှစ်လေ။ ဒါမှသာ အရင်လို အင်အားကြီးတဲ့ မန်ချက်စတာယူနိုင်တက် ပြန်ဖြစ်နိုင်မယ်။” လို့ပြောကြားခဲ့ပါတယ်။

Hein 

သတင်းအရင်းမြစ် Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။