အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီး၏ တိုက်စစ်မှူး ဆာဂျီယို ကတော့ ပရီးမီးယားလိဂ်မှာ စံချိန်တင်တွေ ထပ်မံတင်နိုင်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးအနေဖြင့် ဘရိုက်တန်နှင့် အင်္ဂလန် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ၂-၀နှင့် အနိုင်ရခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အဂူရိုက တစ်ဂိုးသွင်းနိုင်ပေးခဲ့ပါတယ်။ အဂူရိုလို တိုက်စစ်မှူး အနေနှင့်တော့ ရာသီအစ ဂိုးသွင်းနိုင်တာ တစ်ရာသီလုံးအတွက် လာဒ်ကောင်းပါပဲ။

အဆိုပါ ပွဲစဉ်မှာ ဂီုးသွင်းယူနိုင်ခဲ့တဲ့ အဂူရိုကတော့ စံချိန်ကောင်းတွေထပ်မံတင်ရှိနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်း တိုက်စစ်မှူး ဆာဂျီယို ကန် အဂူရိုဟာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီတစ်ခုရဲ့ ပထမဆုံးပွဲ (အဖွင့်ပွဲ) မှာ မန်စီးတီးအတွက် ရ ပွဲ ကစားထားခဲ့ပါတယ်။ အဆိုပါ ရပွဲမှာ ၆ ဂိုးထိ သွင်းယူပေးထားနိုင်ပါတယ်။ တကယ်ကို ကောင်းမွန်တဲ့ စံချိန်ကောင်းတစ်ခုပါ။ အဂူရိုလို တိုက်စစ်မှူးရှိတာက မန်ချက်စတာစီးတီးအတွက် အတော်ကို တိုက်စစ်သန်စေပါတယ်။

ဒါ့အပြင် အဂူရိုဟာ ပရီးမီးယားလိဂ်မှာ ရင်ဆိုင် ကစားခဲ့တဲ့ ပြိုင်ဖက် အသင်း 31 သင်းထဲမှာ အသင်း 30 ဖက်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီလိုမျိုးလုပ်နိုင်တဲ့ တိုက်စစ်မှူးဆိုတာ အင်မတန်ကိုရှားပါးပါတယ်။ အသက် ၂၉နှစ်ရှိပြီးဖြစ်တဲ့ အဂူရိုအနေနှင့် ပရီးမီးယားလိဂ်မှာ ထပ်မံခြေစွမ်းပြနိုင်အုံးမှာ အသေအချာပါပဲ။ အဂူရိုတစ်ယောက် ယခုနှစ် ပရီးမီးယားလိဂ်အတွက် ဂိုးတွေ ထပ်မံသွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ချင်စရာတစ်ခုပင်။

Hein  

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။