မြောက်ကိုရီယားနိုင်ငံကတော့ တရားဝင်ပြောဆိုလာပါပြီ။အမေရိကန်နိုင်ငံပိုင် ကျွန်းဖြစ်တဲ့ ဂူအမ် အမည်ရတဲ့ကျွန်းကို ဦးတည်တိုက်ခိုက်မယ်လို့ပြော မြောက်ကိုရီယားအစိုးရက နိုင်ငံပိုင်ရုပ်သံ ကေစီအန်အေ သတင်းဌာနက ပြောကြားထားပါတယ်။

မြောက်ကိုရီယားနိုင်ငံဟာဆိုရင် နယူးကလီးယား ထုတ်လုပ်မှုဖြင့် အမေရိကန်နိုင်ငံ၏အရေးယူပိတ်ဆို့မှုခံထားရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ဒါပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းက နိုင်ငံ၏အရေးယူပိတ်ဆို့ခံရမှုကို ဂရုမစိုက်ဘဲ သူရဲ့လုပ်ငန်းစဉ်အောင်မြင်အောင်ဆက်လက်လုပ်ဆောင်နေဆဲပါ။

မြောက်ကိုရီယားနိုင်ငံဟာ ကမ္ဘာအဆင်းရဲဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး စစ်လက်နက်မှာတော့ အင်အားကောင်းသောနိုင်ငံများထဲပါ၀င်လာခဲ့သည်။သူ၏အဖေ ကင်ဂျုံအီ လက်တက်မှာလက်နက် အင်အားသည် ယခုကဲ့သိုတောင့်တင်းခြင်းမရှိသေးပေ။

ယခုအခါ လက်နက်အင်အားကြီးမားလာ၍ အမေရိကန်၊တရုတ်၊ရှရှားလို နိုင်ငံကြီးများပင် အာရုံစိုက်လာကြပါတယ်။

ယခုအခါ လက်နက်အင်အားကြီးမားလာ၍ အမေရိကန်၊တရုတ်၊ရှရှားလို နိုင်ငံကြီးများပင် အာရုံစိုက်လာကြပါတယ်။

ယခုလဲအမေရိကန်နိုင်ငံ၏ ဂူအမ်ကျွန်းကိုသွေးတိုးစမ်းကာ တိုက်ခိုက်မည်ဟုပြောကြားလာပြီး အမေရိကန် ဘက်က နောက်ဆုံးလှုပ်ရှားမှုကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချမယ်လို့လဲ နိုင်ငံပိုင် မီဒီယာက တဆင့် ပြောကြားထားပါတယ်။

ဂူအမ်ကျွန်းကိုတိုက်ခိုက်ပြီဆိုတာနဲ့ စစ်ပွဲကိုစတင်လိုက်တာပဲလို့ အမေရိကန်အစိုးရကာကွယ်ရေး ၀န်ကြီးက ပြောဆိုမှုအပြီးမှာ ယခုကဲ့သို ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်သည်။

အမေရိကန်ဘက်ကလည်း ကျွန်းကိုလုုံခြံုရေးအပြည့်ပေးထားပြီး တဘက်မှဒုံးကျည် ပစ်လွတ်လာပါက အဖြတ်ဒုံးဖြစ်ကာကွယ်သွားမယ်လို့လဲဆိုထားပါတယ်။

တရုတ်နိုင်ငံကတော့ သံတမန်အရအေးဆေးစွာဖြေရှင်းရန်ပြောကြားထားပါသေးတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကလည်း အရေးယူမှုတွေကို တစ်နိုင်ငံတည်းမလုပ်ဆောင်ဘဲမိမိတို့၏သဘောတူညီချက်ကို အရင်တိုင်ပင်ဆွေးနွေးသင့်ကြောင်းပြောကြားထားပါတယ်။ 

သတင်းအရင်းမြစ် BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။