မကြာသေးခင်က ထွက်ခဲ့တဲ့ကောလဟာလ နှင့် ပတ်သက်ပြီး မိုးယုစံ က သတင်းအမှားဟုပြောဆိုပြီး သတင်းအမှားတင်ထားတဲ့ မီဒီယာတွေကို တရားစွဲဆိုမယ်လို့ပြောခဲ့ပါတယ်။

ဖေ့ဘွတ်သုံးစွဲသူတစ်ယောက်တင်ခဲ့တဲ့ စတေ့တပ်စ်မှာ သူများမိသားစုကို ဖြိုခွဲခဲ့တဲ့ မင်းသမီးတစ်ယောက်အကြောင်းရယ်၊ စိန်ဘောပင်ရယ်၊ မင်္ဂလာဆောင်ရယ် စုသွားတဲ့ အတွက်ကြောင့် လောလောလပ်လပ် မင်္ဂလာဆောင်ထားတဲ့ မင်းသမီးလေး မိုးယုစံကို အထင်မှားခဲ့ကြပါတယ်။

ထိုစတေ့တပ်စ်တင်ထားတဲ့ သူကိုယ်တိုင်က မိုးယုစံကို ပြန်လည်တောင်းပန်ခဲ့ပြီး မိုးယုစံကိုယ်တိုင်က လည်း သတင်းအမှားတင်ထားတဲ့ မီဒီယာတွေကို ထိုသတင်းဟာ သတင်းအမှားပါ ဆိုတာနှင့် အောက်ပါ ဓာတ်ပုံနှင့်တကွ သုံးရက် အတွင်း ပြန်မတောင်းပန်လျှင်တရားစွဲဆိုမည်ဟု ယခုလို သူမရဲ့ လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။

'မိုးယုတို့ဘက်ကတော့အေးဆေးပါ မိုးယုအမျိုးသားကတောင် ထားလိုက်ရီနေသေးတာ မိုးယုကတော့ တခါခါ လျောက်လျောက်ရေးတဲ့သတင်းတွေကိုအလွယ်တကူယူတင်တတ်တဲ့ မီဒီယာအစစ်အမှန်မဟုတ်တာတွေကြောင့်တကယ် မီဒီယာသတင်းသမားတွေပါထိခိုက်လို့ပါ ပီးနောက်တပါးသူ ဂုဏ်သိက္ခာပါထိခိုက်တယ် သူတို့ကအလွယ်တကူတင်ပေမဲ့ အဲ့ဂုဏ်ရဖို့ကြိုးစားသူအဖို့က celeတယောက်မိန်းကလေးတယောက်အနေနဲ့ တသက်လုံးထိန်းသိမ်းရတာခက်ပါတယ် ဒါကိုသေချာမသိပဲပြောသူ ရေးသူ တင်သူတွေ အနေနဲ့ စာနာစဉ်းစားစေချင်တာရယ် သတင်းအမှားတင်ပီး အမှားလုပ်ပီးအမှန်ပြင်ရမယ်ဆိုတဲ့ အသိလည်းမီဒီယာတွေမှာရှိစေချင်လို့ တကယ်တရားစွဲပါမယ်လို့နောက်နောင်လည်းသတင်းဆိုတိုင်းအလွယ်တကူမတင်မိအောင်ရယ် အမှန်ပြင်တတ်အောင်ရယ်ပါ

အောက်ပါအချက်များအား အဓိကထားသိစေချင်ပါတယ်

"၂၇.၁၀.၂၀၁၆ ၃ရက်အချိန်အတိုင်းတာအတွင်း မဟုတ်မမှန်သတင်းများတင်သူများ မီဒီယာများအားလုံး တင်ထားတာကိုဖျက်ပီး အောက်ပါပုံနှင့်တကွ တောင်းပန်စာပါ ပူးတွဲပီး ပြန်လည်တင်စေချင်ပါတယ် အဆိုပါ၃ရက်အတွင်း သတင်းအမှားအားမဖျက်ပဲ အောက်ပါပုံနှင့်တကွမတောင်းပန်ပဲဆက်လက်ရှိနေမည်ဆိုပါက တရားစွဲဆိုမည်ဖြစ်ပါသည် ယခုကိစ္စအားလည်း မမေသူဇော်ဘက်မှ တောင်းပန်ထားသည့်အတွက်ကျေအေးပေးလိုက်ပါမည် နောက်နောင် မမေသူဇော်ဘက်မှ ထိုအမှားမျိုးထပ်မံပြုလုပ်မည်ဆိုပါကလည်းတရားဥပဒေတိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်"

Myanmarload အနေနှင့် ပရိသတ်တွေကို အနှေးနှင့် အမြန် သတင်းများသိစေချင်လိုသောရည်ရွယ်ချက်ဖြင့် သတင်းပေါင်းစုံတင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ တင်လိုက်တဲ့ သတင်းနှင့် ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင်မိုးယုစံ ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်ဆိုပါက အနူးညွှတ် တောင်းပန်အပ်ပါတယ်။ နောက်နောင် Myanmarload သတင်းတွေ တင်တဲ့အခါမှာ ယခင်ကထက်ပိုပြီး ဂရုစိုက်သွားမှာ ဖြစ်ပြီး အနုပညာရှင်များအနေနှင့်လည်း ကျွန်ုပ်တို့ တင်ထားတဲ့သတင်းမှာ သတင်းအမှားဖြစ်နေခဲ့လျှင် ကျွန်ုပ်တို့ကိုတိုက်ရိုက်ဆက်သွယ်ကာ ပြောနိုင်ပါတယ် ခင်ဗျာ။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။