မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ထိုင်းအသင်း


ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲရဲ့လက်ရှိချန်ပီယံထိုင်းအသင်းကတော့မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ဖူးလို့ဆိုရမှာပါ။အုပ်စုကျပ်ထဲမှာကျရောက်နေတဲ့အင်ဒိုကတော့အလိုရှိတဲ့သရေတစ်မှတ်ကိုအာဆီယံဘောလုံးဘုရင်ကြီးဆီကလုယူသွားနိုင်ခဲ့ပါတယ်။ချန်းရော့၊ဘူရမ်၊ဆာဆာလက်တို့လိုနာမည်ကြီးကစားသမားတွေပါဝင်လာခဲ့ပေမယ့် 2015ထိုင်းဆီးဂိမ်းအသင်းကိုမမီပါဘူး။


ထိုင်းအသင်းကစားပုံပြောင်းလဲသွားတယ်လို့ပြောလို့ပြီး

ထိုင်းနည်းပြဝိုရာဝတ်ဟာအမြင့်ဘောတွေနဲ့ဆော့ကစားစေခဲ့ပါတယ်။2015ထိုင်းအသင်းရဲ့ Tik -Tokပုံစံလောက်တော့မစွဲ

ငြိစရာတာတော့အမှန်ပါ။ရှေ့မှာချန်းရော့၊ဘူရမ်၊အလယ်မှာ နာတာဝတ်၊ဖွန်ကမ်၊နောက်မှာရှင်နာဖတ်၊ချင်ရိုင်းဂိုးသမားနွန့်တို့ပွဲထွက်လာကြပြီးပထမဂိုးကိုတော့ဘူရမ်ကစသွင်းသွားခဲ့ပါတယ်။


အင်ဒိုကတော့ကြံခိုင်မှုအသားပေးကစားဟန်တွေ၊တစ်ကိုယ်တော်ထိုးဖောက်တွေနဲ့ထိုင်းကိုရင်ဆိုင်ခဲ့ပြီး

တောင်ပံကအော့ဗယ်ဒိုကအထူးခြေစွမ်းပြခဲ့ပါတယ်။

ဒုတိယပိုင်းတစ်ပိုင်းလုံးလိုလိုထိုင်းကိုဖိထားတဲ့အင်ဒိုပယ်နယ်တီရခဲ့ပြီးအဖိုးတန်ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပါတယ်။ထိုင်းနဲ့အင်ဒိုပွဲဟာတစ်ဖက်နဲ့တစ်ဖက်အကြိတ်အနယ်နဲ့ကြည့်ကောင်းခဲ့ပြီးတစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပါတယ်။


Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။