မြန်မာလိဂ်အကောင်းဆုံး ကစားသမားဆု အောင်သူ ၂ နှစ်ဆက်ရရှိ

မြန်မာလိဂ်အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ ၂၁ ရက်က ရန်ကုန်မြို့ Novetel ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို မြန်မာ့လက်ရွေးစင်အမျိုးသမီးခေါင်းဆောင် ခင်မာလာထွန်းက ရရှိခဲ့ပါတယ်။

၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်ဘောလုံးရာသီအတွက် ဂိုးသွင်းဘုရင်ဆုကို ရန်ကုန်ယူနိုက်တက်ကစားသမားဟောင်း ဘရာဇီးတိုက်စစ်မှူ း ဆီဇာက ၂ နှစ်ဆက်ရရှိခဲ့ပြီး ၂၀၁၆ ဘောလုံးရာသီအတွက် ဂိုးသွင်းဘုရင်ဆုကို ရတနာပုံမှ ဝင်းနိုင်စိုး နှင့် ကိသ် ဧရာဝတီမှ ခရစ္စတိုဖာ တို့ သုံးဦးက ပူးတွဲရရှိခဲ့သည်။ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးကစားသမားဆုကို ရတနာပုံအသင်းတိုက်စစ်မှူ း အောင်သူ နှင့် ၂၀၁၄ အကောင်းဆုံးဆုကို ရတနာပုံအသင်း ဂိုးသမား သီဟစည်သူက ရရှိခဲ့သည်။

ထိုဆုပေးပွဲတွင် ၂၀၁၄ လိဂ် ချန်ပီယံ ရတနာပုံအသင်း ၂၀၁၅ လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်း ၂၀၁၆ လိဂ် ချန်ပီယံ ရတနာပုံအသင်းနှင့် ဒုတိယ တတိယနှင့် စတုတ္ထရရှိသည့် အသင်းများနှင့် ၂၀၁၄ ၂၀၁၅ ရှုံးထွက်ဖလားချန်ပီယံ ဧရာဝတီယူနိုက်တက်နှင့် ၂၀၁၆ ရှုံးထွက်ဖလားချန်ပီယံ မကွေးအသင်းတို့နှင့် ဒုတိယရရှိသည့် အသင်းများကို ဆုကြေးများချီးမြှင့်ခဲ့သည်။ မြန်မာလိဂ် အသန့်ရှင်းဆုံးဆုကို ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွက် ကမေ႓ာဇ ရှမ်း အသင်းနှင့် ၂၀၁၆ အတွက် ဆောက်သမ်မြန်မာအသင်းက ရရှိခဲ့သည်ကြောင်း သိရှိရသည်။

Source: Local Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။